Connect with us

Videos

လက်ချောင်းသွေးကြောဖြင့်တံခါးဖွင့်နိုင်သည့်စနစ်နှင့် မျက်နှာဖတ်ငွေပေးချေသည့်စနစ်များထွက်ပေါ်

ရှန်ဟိုင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှန်ဟိုင်းတွင်ပြုလုပ်သည့် လုံခြုံရေးနည်းပညာမိတ်ဆက်ပွဲတွင် မိမိ ၏ အိမ်တံခါးကို လက်ညှိုးထိုး ထည့်လိုက်ရုံဖြင့် သွေးကြောကို မှတ်သားပြီးတံခါး ဖွင့်ပေးသည့် နည်းပညာမြင့်စနစ်နှင့် credit card အသုံးပြု ရန် မလိုဘဲ မျက်နှာကို scan ဖတ်ရုံဖြင့်အလိုအလျောက် ငွေရှင်းပေးနိုင်တော့မည့် လုံခြုံရေးအဆင့်မြင့် နည်းပညာများ ကို မိတ်ဆက်ပေးခဲ့သည်။ တရုတ်နိုင်ငံ အရှေ့ပိုင်းနန်ကျင်းရှိ east house electronic company က လက်ညှိုးဖြင့် မှတ်တမ်းတင် သော့ဖွင့်ပေးနိုင်မည့်စနစ်ကို မိတ်ဆက်ခဲ့သည်။ လက်ညှိုးရှိ သွေးကြော ကို မှတ်သားထားပြီး တံခါးဖွင့်ရန်အတွက် လက်ညှိုးကိုထိုးထည့်ရုံသာလိုအပ်သည့် အဆိုပါ စနစ်သည် သြဂုတ်လတွင် ဈေးကွက်အတွင်းရောက်ရှိမည်ဖြစ်ပြီး ဒေါ်လာ ၁ထောင် ကျသင့်မည်ဟုသိရသည်။ အဆိုပါနည်းပညာကြောင့် အရေပြားလဲခြင်းကဲ့သို့သောပြဿနာများကို ဖြေရှင်းနိုင်ရာရောက်သည်။ သွေးကြောများအား အတုလုပ်ယူရန်လည်းခက်ခဲသောကြောင့် လုံခြုံရေးအတွက်လည်းစိတ်ချရသည်ဟု ဆိုသည်။
ထို့အပြင် facial recognization payment technology မျက်နှာ မှတ် ငွေပေးချေစနစ်ကိုလည်း cloud walk technology မှ တီထွင်ခဲ့သည်။ အဆိုပါစနစ်ကို အသုံးပြုသူများမှာ မိုဘိုင်းဖုန်း နှင့်ဖြစ်စေ credit ကတ်ဖြင့်ဖြစ်စေငွေပေးချေ စရာမလိုတော့ဘဲ မျက်နှာကို scan ဖတ်ရုံဖြင့် ငွေပေးချေနိုင်တော့မှာ ဖြစ်ကြောင်းသိရသည်။အဆိုပါ စနစ်သည် လူအများဖြင့် ရောနှောနေသည့် လူထုထဲတွင်လည်း မျက်နှာကို scan ဖတ်ကာ မှတ်မိနိုင်မည်ဖြစ်သည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.