Connect with us

Videos

ဗုဒ္ဓဘာသာ သုတေသန ကျောင်းကို တရုတ်နိုင်ငံဝူတန်းတောင်တွင်ဖွင့်လှစ်

ရှန်ရှီး၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

ဗုဒ္ဓဘာသာ သုတေသန ကျောင်းကို တရုတ်နိုင်ငံမြောက်ပိုင်း ရှန်းရှီးပြည်နယ်ရှိ ထင်ရှားသော ဗုဒ္ဓဘာသာများနေထိုင်ရာတောင်တန်း ဖြစ်သည့် ဝူတန်းတောင်တွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ တာဝန်ရှိသူ၏ပြောကြားချက်အရ ထို ကျောင်းမှာ အစိုးရမဟုတ်သည့် ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများမှ ဆောင်ရွက်ခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာကိုမြှင့်တင်ရန်နှင့် နိုင်ငံတကာ ယဉ်ကျေးမှုများအချင်းချင်းဖလှယ်ရန်အတွက် အဓိကထားဆောင်ရွက်လျက်ရှိသည်။ ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ် ၃ဝ နီးပါးမှ ပူးပေါင်းပြီး ထိုဗုဒ္ဓဘာသာသုတေသန ကျောင်းကို ထူထောင်ခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓဘာသာ သုတေသန ကျောင်းကို ပညာရပ်ဆိုင်ရာ သုတေသီများ နှင့် ကမ္ဘာတစ်ဝှမ်းရှိ ဘာသာစကားပေါင်းများစွာတို့အတွက် အဆင့်မြင့်ဗုဒ္ဓဘာသာပညာများကို သင်ကြားဖြန့်ဝေပေးရန်အတွက် အထူးတာဝန်ယူ တည်ထောင်ထားသည့်ကျောင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.