Videos
ပြည်ပ ကြွေးမြီ ဒေါ်လာသန်း ၈၇ဝဝ ကျော် ပေးဆပ်ရန် ကျန်
နေပြည်တော်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံအနေဖြင့် ပြည်ပမှ ချေးငွေ ဒေါ်လာသန်း ၈၇ဝဝ ကျော် ပေးဆပ်ရန် ကျန်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချို၏ ပြည်ပ ချေးငွေဆိုင်ရာ မေးခွန်းကို ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။ (Xinhua)