Connect with us

Australia / Oceania

သြစတြေးလျနိုင်ငံ ဝိတိုရိယ၌ အလေးချိန် ၄ ကီလိုဂရမ်ရှိ ရွှေတုံး တစ်တုံး တူဖော်တွေ့ရှိ

သြစတြေးလျနိုင်ငံ တူးဖော်ရရှိသော ၄ ကီလိုဂရမ်ရှိ ရွှေတုံးအားတွေ့ရစဉ် (ဆင်ဟွာ)

မဲလ်ဘုန်း ၊ သြဂုတ်လ ၂၅ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံရှိ ရွှေရှာသူတစ်ဦးသည် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၉ဝ,ဝဝဝ တန်ဖိုးရှိ ၊ အလေးချိန် ၁၄၅ အောင်စ ရှိသော ရွှေတုံးတစ်တုံးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

အမည်မဖော်လိုသူ ရွှေတူးဖော်ရေး ဝါသနာရှင်တစ်ဦးက ကမ္ဘာ့ရွှေအပေါကြွယ်ဝဆုံးနေရာတစ်ခုဖြစ်သည့် သြစတြေးလျနိုင်ငံ ဝိတိုရိယရှိ နာမည်ကျော် ရွှေတြိဂံဒေသ၌ အဆိုပါ ရွှေတုံးကြီးကို တူးဖော်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါရွှေတုံး၏ တန်ဖိုးမှာ ခန့်မှန်းခြေအမေရိကန်ဒေါ်လာ ၁၉ဝ,ဝဝဝ ခန့်ရှိပြီး မြေအောက်အတော်နက်နက်မှ တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ရွှေတူဖော်သူက တင်းနစ်ဘောလုံးအရွယ်ရှိ ခန့်မှန်းခြေအမေရိကန်ဒေါ်လာ ၁၁ဝဝဝ တန်ဖိုးရှိသော အလေးချိန် ၉အောင်စ အရွယ် ရွှေတုံးတစ်တုံးကို တွေ့ရှိပြီးနောက်တစ်ရက်အကြာတွင် အလေးချိန် ၄၁၂၁ ဂရမ်ရှိ အဆိုပါ ရွှေတုံးကြီးကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ရွှေတုံးကြီးကို တူးဖော်တွေ့ရှိခဲ့သူသည် မည်သည့် ရွှေတုံးအရွယ်အစားမျိုးကို မဆို ရှာဖွေတွေ့ရှိပါက ၎င်းနှင့်အတူ ရွှေရှာနေသည့် အခြား သူငယ်ချင်းများအား အကျိုးအမြတ် ခွဲဝေပေးမည်ဟု ကတိပြုထားခဲ့ကြောင်း၊ လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကာလအတွင်း သီးတင်းပတ်ကုန်ရက်များကို ရွှေရှာခြင်းဖြင့်ကုန်ဆုံးစေခဲ့သော ၎င်းအတွက် ထိုရွှေတုံးနှစ်တုံးက ဆုလာဘ်ပင်ဖြစ်ကြောင်း ရွှေတုံးတွေ့ရှိခဲ့သူက ဆိုသည်။
အဆိုပါ အမည်မဖော်လိုသော ရွှေတုံးတွေ့ရှိခဲ့သူသည် ဝိတိုရိယပြည်နယ်အလယ်ပိုင်း ၉,၄ဝဝ စတုရန်းကီလိုမီတာအကျယ်အဝန်းရှိ ရွှေတြိဂံဒေသ၌ ရွှေတူးဖော်ရှာဖွေနေကြသည့် ရွှေမုဆိုးဒါဇင်ပေါင်းများစွာထဲမှ တစ်ဦးဖြစ်သည်။ ယခုတွေ့ရှိခဲ့သော ရွှေတုံးသည် “Welcome Stranger” ဟုအမည်ပေးထားသော ၁၈၆၉ ခုနှစ်က တူးဖော်တွေ့ရှိခဲ့သည့် အလေးချိန် ၉၇ ကီလိုဂရမ်အလေးချိန်ရှိ ရွှေတုံးကြီးနောက်ပိုင်း အရွယ်အစားအကြီးဆုံး တူးဖော်တွေ့ရှိခဲ့သည့် ရွှေတုံးတစ်တုံးဖြစ်သည်။
၎င်း Welcome Stranger ရွှေတုံးကို မြေပြင်အောက် သုံးစင်တီမီတာ အနက်ခန့်က တူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ရွှေတုံးရှာဖွေခဲ့သူသည် အသစ်တူးဖော်တွေ့ရှိထားသည့် ရွှေတုံးနှစ်တုံးကို လေလံတင်ရောင်းချရန် စီစဉ်နေကြောင်း ၊ ၎င်းရွှေတုံးများရောင်းရငွေဖြင့် စားသောက်ခန်းပါ မိသားစုသုံး (caravan) ကားတစ်စီးကို ဝယ်ယူ၍ သြစတြေးလျနိုင်ငံအနှံ့ခရီးထွက်ရန် စီစဉ်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.