Connect with us

Australia / Oceania

သြစတြေးလျကောလိပ်ထဲသို့ မိကျောင်းများအား ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးခဲ့သူများအား ရဲကရှာဖွေနေ

သြစတြေးလျနိုင်ငံ ရှိ ရေငန်မိကျောင်း နှစ်ကောင်အား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကန်ဘာရာ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ ကောလိပ်တစ်ခုအတွင်း မိကျောင်းသုံးကောင်အား ကျောင်းပိတ်ရက်က လွှတ်ပေးခဲ့သည့် လူလေးဦးအား ရဲတပ်ဖွဲ့က ရှာဖွေလျက်ရှိကြောင်း သိရသည်။

သြစတြေးလျနိုင်ငံ မြောက်ပိုင်းနယ်မြေ Humpty Doo မြို့ရှိ Taninmin ကောလိပ်၏ စီမံခန့်ခွဲမှုရုံးများ အတွင်းသို့ သြဂုတ်လ ၂၁ ရက် နံနက်အစောပိုင်းက ရေငန်မိကျောင်း သုံးကောင်ကို လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မိကျောင်းများအား ရုံး၏ အရှေ့တံခါးရှိ ထွက်ပေါက်မှ တစ်ဆင့် အတွင်းသို့ လွှတ်ပေးခဲ့ပြီးနောက် လူလေးဦးသည် ရုံးခန်းများအတွင်းသို့ ချိုးဖျက်ဝင်ရောက်လာကာ ရုံးခန်းပစ္စည်းများကို မွှေနှောက် ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မိကျောင်းများအား ဖမ်းယူရာတွင် ကူညီပေးခဲ့သည့် ရိန်းဂျား တစ်ဦးဖြစ်သူ Luke McLaren က မိကျောင်းများမှာ ကျန်းမာရေးအရ ချို့ယွင်းနေသောကြောင့် ၎င်းတို့အား သတ်ပစ်တော့မည့် အခြေအနေသို့ရောက်ရှိနေသည်ဟု ယူဆရကြောင်း ပြောခဲ့သည်။
Luke McLaren က အခြေခံအားဖြင့် ယင်းမိကျောင်းများသည် အရိုး နှင့် အသားအရေများစွာ မရှိတော့ဘဲ ငြိမ်သက်နေကာ ဖမ်းဆီးရလွယ်ကူကြောင်း ABC သတင်းသို့ သြဂုတ်၂၂ ရက်က ပြောကြားခဲ့သည်။
၎င်းက မိကျောင်းများ၏ ချို့တဲ့နေသည့် အရေပြားအခြေအနေအရ ၎င်းတို့သည်အချိန်အတိုင်းအတာ တစ်ခု အထိ ရေနှင့်မထိတွေ့ခဲ့ရခြင်း၊ အစားကျွေးထားခြင်းမရှိကြောင်း သိရပြီး ၎င်းတို့အနက် တစ်ကောင်မှာ ဂရုတစိုက် ထိန်းသိမ်းထားခြင်းမရှိ၍ အမြင်ကွယ်နေပုံရကြောင်း ပြောကြားခဲ့သည်။
၎င်းက ထပ်မံ၍ မိကျောင်းများသည် မည့်သည့် မွေးမြူရေးခြံမှ ဖြစ်ကြောင်း စဉ်းစားဆုံးဖြတ်ကာ ၎င်းတို့အား ပြန်လည်ပို့ဆောင်သွားမည်ဖြစ်သော်လည်း ၎င်းတို့၏ ချို့တဲ့နေသည့် ကျန်းမာရေးအခြေအနေအရ သေဆုံးနိုင်ခြေရှိကြောင်း သိရသည်။
ကောလိပ်ကျောင်းအတွင်း လွှတ်ပေးခဲ့သည့် မိကျောင်းများသည် အရွယ်အစားသေးငယ်ကာ အလျား ၁.၅ မီတာ မှ ၂ မီတာ အတွင်းသာရှိပြီး ရေငန် မိကျောင်းများသည် ၆မီတာ အထိ ကြီးထွားလာနိုင်ကြောင်း သိရသည်။
ရေငန်မိကျောင်းများကဲ့သို့ သြစတြေးလျနိုင်ငံ၌ ထိန်းသိမ်းကာကွယ်ထားသည့် မျိုးစိတ်များအား အနှောင့်အယှက်ပေးသူများသည် ထောင်ဒဏ် ၅နှစ် နှင့် ငွေဒဏ် အမေရိကန်ဒေါ်လာ ၅၅,၀၀၀ အထိ ချမှတ်ခံရဖွယ်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.