Videos
ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး ပါတီဝင် ကိုယ်စားလှယ်လောင်းများ ဥပဒေ စည်းမျဉ်း ကျင့်ဝတ်များနှင့်အညီ ယှဉ်ပြိုင်ကြရန် ပါတီဥက္ကဌ သူရ ဦးရွှေမန်း ညွှန်ကြား
ရန်ကုန် ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီက ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို တရားမျှတသန့်ရှင်းစွာ အောင်နိုင်ရေးအတွက် ဥပဒေ စည်းမျဉ်း ကျင့်ဝတ်များနဲ့အညီ ယှဉ်ပြိုင် ကြဖို့ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ သူရ ဦးရွှေမန်းက ဒီကနေ့ညွှန်ကြားလိုက်ပါတယ်။
သူရ ဦးရွှေမန်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ပြုလုပ်မယ့်ရက်ကို ကြေညာလိုက်တဲ့ အပေါ်ကိုလည်း ကြိုဆို ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး ပါတီမှ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် လောင်းများကို တည်ကြည် ဖြောင့်မတ်ပြီး စိတ်ရင်း စေတနာ ကောင်းမွန်သော နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုး ၊ အများအကျိုး ဆောင်ရွက်လိုသော သူများကိုသာ ရွေးချယ် တာဝန် ပေးအပ်သွားမယ်လို့ပြောကြားခဲ့ပါတယ်။
ပါတီ ကိုယ်စားပြုသူများအနေဖြင့်လည်း ဥပဒေများ ၊ စည်းမျဉ်း ကျင့်ဝတ်များနှဲ့အညီ ယှဉ်ပြိုင်ပြီး ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံတော် တည်ဆောက်ရာတွင် တတပ်တအား ပါဝင်ကြဖို့လည်း မှာကြားခဲ့ပါတယ်။
ယခုနှစ် နိုဝင်ဘာ ၈ ရက်မှာ ပြုလုပ်ဖို့ရှိတဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ်ပေါင်း ၁,၁၇၁ နယ်မြေအား သတ်မှတ်ထားပြီး ပြည်ခိုင်ဖြိုးပါတီက နေရာပြည့်နီးပါး ဝင်ရောက် ယှဉ်ပြိုင်သွားဖို ့စီစဉ်ထားတယ်လို့သိရပါတယ်။