News
ဆောင်းဦးအလယ်ပိုင်းပွဲတော်အကြို တန်ချိန် ၃ဝဝ ကီလို ရှိ လမုန့် ကြီး အားဝေငှ
စီချွမ်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
အလေးချိန်အားဖြင့် ကီလိုဂရမ် ၃ဝဝ ရှိသည့် လမုန့်ကြီးကို တရုတ်ရိုးရာ ဆောင်းဦးအလယ်ပိုင်းပွဲတော် အကြို အဖြစ် တရုတ်နိုင်ငံ အနောက် တောင်ပိုင်း စီချွမ်ပြည်နယ် ရှိ ချန်ဒူးတွင် ပြုလုပ်ခဲ့သည်။
အချင်းဝက် ၁.၄ မီတာ ရှိပြီး စားဖိုမှူး ၁၂ ဦးက တနေ့ နှင့် နေ့တဝက် အချိန်ယူကာ အစေ့အဆန်ပေါင်းများစွာ နှင့် သကြားလုံးများကို လည်း လမုန့်အတွင်း ဖြည့်သွင်း ပြုလုပ်ခဲ့သည်။
တရုတ်ရိုးရာပြက္ခဒိန်အရ ၈ လပိုင်း ၏ ၁ ရက်မြောက်နေ့တွင်ကျရောက်သည့် ဆောင်းဦးအလယ်ပိုင်းပွဲတော် ၏ အစဉ်အလာမှာ လမုန့်များပြုလုပ် လဲလှယ်ဝေငှခြင်းဖြစ်သည်။ (Xinhua)