Connect with us

North America

အမေရိကန်ပြည်သူများ၏ သတင်းမီဒီယာအပေါ် ယုံကြည်မှုမှာ ကျဆင်းနေကြောင်း စစ်တမ်းများက ဆို

အမေရိကန်ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီအား သတင်းသမားများက မေးမြန်းနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း သတင်းမီဒီယာများအပေါ် အမေရိကန်နိုင်ငံသားများ၏ ယုံကြည်မှုမှာ ကျဆင်းလျက်ရှိကြောင်း ပြီးခဲ့သော ရက်သတ္တပတ်က ပြုလုပ်ခဲ့သည့် စစ်တမ်းများအရ သိရသည်။

သတင်းတင်ဆက်ရာတွင် “ ပြီးပြည့်စုံခြင်း ၊ တိကျမှန်ကန်ခြင်း နှင့် တရားမျှတခြင်း”ဟူသည့် အချက်များအပေါ်အခြေခံပြီး ကောက်ယူခဲ့သော စစ်တမ်းတွင် အမေရိကန်ပြည်သူ ၃၂ ရာခိုင်နှုန်းခန့်သာ သတင်းမီဒီယာများမှာ ယုံကြည်လောက်ဖွယ် တရားမျှတမှုရှိကြောင်း နှင့် အကောင်းဆုံး လုပ်ဆောင်ပေးကြောင်း ဖြေကြားခဲ့သည်။အဆိုပါ ရလဒ်သည် သတင်းမီဒီယာအပေါ် ယုံကြည်မှု အနိုမ့်ကျဆုံး ဖြစ်ခဲ့သော ၁၉၇၂ ခုနှစ်စစ်တမ်း ရလဒ်နောက်ပိုင်း အဆိုးဝါးဆုံးစံချိန်တင်ရလဒ်ဖြစ်ကြောင်း သိရသည်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်မှုဆိုင်ရာ သတင်းများသည် ပြည်သူများကို သတင်းမီဒီယာအပေါ်ယုံကြည်မှုအကျဆင်းစေဆုံးသော အကြောင်းတရားဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။“ ဟီလာရီကလင်တန်ဟာ သတင်းမီဒီယာတွေဆီက သတင်းအားလုံးလိုလိုမှာ အပေါင်းလက္ခဏာဆောင်တဲ့ ဘက်လိုက် ဖော်ပြမှုတွေကိုရရှိခဲ့ပါတယ်လို့ ရီပတ်ဘလစ်ကန်ပါတီခေါင်းဆောင်တွေ နဲ့ကွန်ဆာဗေးတစ်ကျွမ်းကျင်ပညာရှင်တွေက ပြောကြားပါတယ်။ ဒေါ်နယ်ထရမ့်အတွက်တော့ အနှုတ်လက္ခဏာဆောင်တဲ့ သတင်းဖော်ပြမှုတွေ နဲ့တရားမျှတမှု မရှိတဲ့ သတင်းတွေပဲ ရခဲ့ပါတယ်။ ဒါဟာ သတင်းမီဒီယာတွေအပေါ် ယုံကြည်မှု ကျဆင်းစေတဲ့ အဓိက အကြောင်းပြချက်ပါပဲ ” ဟု စစ်တမ်း၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အင်တာနက် ဝက်ဆိုက်များ နှင့် လူမှုကွန်ရက်စာမျက်နှာများသည် အမေရိကန်ပြည်သူများ၏ မျက်စိများကို ပိုမို ရင့်ကျက်မှုရအောင် ပံ့ပိုးကူညီပေးနေကြောင်း နှင့် အဆိုပါအချက်ကပင် သတင်းဌာနအမျိုးမျိုးအပေါ် အမေရိကန်ပြည်သူများ၏ယုံကြည်မှုကို ဦးလှည့်သွားအောင် စိတ်ဓာတ်ခွန်အား ပေးနေကြောင်း စစ်တမ်းက ဆိုထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.