Connect with us

North America

နယူးယောက်ပေါက်ကွဲမှုအတွင်း ဒဏ်ရာရခဲ့ကြသူ လူနာ ၂၉ ဦးစလုံး ဆေးရုံမှ ဆင်းသွားကြပြီဟု မြို့တော်ဝန်ပြော

နယူးယောက်ပေါက်ကွဲမှုနှင့်ပတ်သက်၍ မြို့တော်ဝန် Bill de Blasio က သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (ဆင်ဟွာ)

နယူးယောက် ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ စက်တင်ဘာလ ၁၇ ရက်ကဖြစ်ပွားခဲ့သော ပေါက်ကွဲမှုအတွင်း ဒဏ်ရရှိခဲ့သူ ၂၉ ဦးစလုံးသည် ဆေးရုံမှ ဆင်းသွားကြပြီဖြစ်ကြောင်း နယူးယောက်မြို့တော်ဝန် Bill de Blasio က စက်တင်ဘာလ ၁၈ ရက်တွင်ပြုလုပ်ခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ် ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါပေါက်ကွဲမှုသည် စက်တင်ဘာလ ၁၇ ရက် ဒေသစံတော်ချိန် ည ၈ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ၊ နာမည်ကျော် ချဲလ်ဆီးခရိုင်အနောက်ပိုင်း ၂၃ လမ်းထဲရှိ မန်ဟက်တန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြို့တော်ဝန်က ဆိုသည်။ ထို့ပြင် ပေါက်ကွဲမှုနောက်ကွယ်တွင် ပါဝင်ပတ်သက်သူများကို သိနိုင်ရန် အထူးကြိုးပမ်းဖော်ထုတ်သွားရန် လိုအပ်ကြောင်း နှင့် အင်မတန်စိုးရိမ်ဖွယ်ရာ မတော်တဆမှုကြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဗုံးဖောက်ခွဲမှုမှာ မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို မသိရှိရသေးကြောင်း မြို့တော်ဝန် Blasio ကဆိုသည်။လူပေါင်း ၂၉ ဦး ထိခိုက်ဒဏ်ရာရခဲ့သည့် လုပ်ရပ်မှာ “ ရည်ရွယ်ချက်ရှိရှိကျူးလွန်သော ပြစ်မှု” ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။သို့သော်လည်း ပေါက်ကွဲမှုဖြစ်စဉ်ကို အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်ဟု အမည်တပ်ခေါ်ရန် ငြင်းဆိုခဲ့သည်။
နယူးယောက်မြို့မှ ရဲအရာရှိတစ်ဦးဖြစ်သူ James O’neil က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားရာတွင် ပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သူတစ်ဦးတစ်ယောက်တွင် တာဝန်ရှိသည်ကို မပြောနိုင်သေးကြောင်း ဆိုခဲ့သည်။
နယူးယောက်မြို့ရှိရဲတပ်ဖွဲ့ဝင်များသည် ကားဂိတ်များ ၊ လေဆိပ်များ နှင့် မြေအောက်ရထားဘူတာရုံများတွင် လုံခြုံရေးတိုးမြှင့်ချထားကြောင်း သိရသည်။ လက်ရှိတွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ စက်တင်ဘာလ ၁၈ ရက်တွင် စတင်ကျင်းပရန် ရှိသည့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ထိပ်သီးအစည်းအဝေး နှင့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ နှစ်ပတ်လည် အစည်းအဝေးပွဲသို့တက်ရောက်ရန် VIP အရေးကြီးပုဂ္ဂိုလ် ၂ဝဝ နီးပါး နှင့် ကမ္ဘာ့နိုင်ငံပေါင်းများစွာမှ သံတမန်များသည် နယူးယောက်မြို့သို့ရောက်ရှိနေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.