Videos
အပြည်ပြည်ဆိုင်ရာ နည်းပညာထုတ်လုပ်မှုပြပွဲကျင်းပ
ချီကာဂို၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
ကမ္ဘာပေါ်တွင် ခေတ်ရှေ့ပြေးနည်းပညာများကို ထုတ်လုပ်လျက်ရှိသည့် ကုမ္ပဏီများမှ ၂ နှစ်လျှင် တကြိမ်ကျင်းပမြဲဖြစ်သည့် အပြည်ပြည်ဆိုင်ရာ နည်းပညာထုတ်လုပ်ရေးပြပွဲကို အမေရိကန်ပြည်ထောင်စု ချီကာဂိုတွင်ကျင်းပခဲ့သည်။ အဆိုပါ ပြပွဲ တွင် နောက်ဆုံးပေါ်နည်းပညာများနှင့် တီထွင်ဆန်းသစ်မှုအကြံဉာဏ်များကို အချင်းချင်း မျှဝေနိုင်စေရန် ထိုသို့ ကျင်းပပြုလုပ်ခြင်းလည်းဖြစ်သည်။ ပြပွဲတွင်ပြသထားသည့် နည်းပညာအများစုမှာ အသုံးဝင်ပြီး အချိန်ကုန်သက်သာစေကာ လူသားအလုပ်သမားများ၏ အခန်းကဏ္ဍကို လျှော့ချပေးနိုင်မည်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ နည်းပညာထုတ်လုပ်ရေးပြပွဲသည် မြောက်အမေရိကတိုက်တွင် အကြီးဆုံးသော နည်းပညာထုတ်လုပ်ရေးပြပွဲတစ်ခုဖြစ်ပြီး ၁၉၂၇ ခုနှစ်ကတည်းက စတင်ပြသခဲ့ခြင်းဖြစ်ကာ နှစ်ပေါင်း ၉ဝ တိုင်ခဲ့ပြီဖြစ်သည်။ ယခုနှစ်တွင် နိုင်ငံပေါင်း ၁၁ဝ ကျော်မှ နည်းပညာထုတ်ကုန်ပစ္စည်းရောင်းချသူနှင့် ဝယ်ယူသူ စုစုပေါင်း ၁သိန်း၄ထောင်ကျော် က ပြပွဲ သို့လာရောက်ခဲ့ကြသည်။ ပွဲစီစဉ်သူများက ပြပွဲ တွင် ကုမ္ပဏီပေါင်း ၂ဝဝဝ ကျော်မှ နည်းပညာအသစ် စက်ပစ္စည်းပေါင်း ၁၅ဝဝဝ ကျော်ကို ပွဲကျင်းပသည့် ၆ ရက် တာကာလ အတွင်းပြသမည်ဟုဆိုသည်။ (Xinhua)