Videos
ကော်စတာရီကာ၊ တူရီရိုင်ဘာ မီးတောင် မှ မီတာ ၄ထောင်အထိ ပြာများပန်းထွက်
ကော်စတာရီကာ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)
စက်တင်ဘာလ ၁၉ ရက်နေ့ က ကော်စတာရီကာ နိုင်ငံရှိ တူရီရိုင်ဘာ မီးတောင် မှ ပြာများနှင့် မီးခိုးများသည် မီတာ ၄ထောင်အထိ ပန်းထွက်ခဲ့ကြောင်း၊ မီးတောင်မှာ မီးတောင်ရှင်ဖြစ်နေကြောင်း ကော်စတာရီကာနိုင်ငံ မီးတောင်နှင့် ငလျင်စောင့်ကြည့်ရေးနှင့် အမျိုးသား ငလျင်တိုင်းတာရေး ကွန်ယက်မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ထိုသို့ မီးတောင်ဝ မှ ပြာများပွင့်ထွက်လာသည့်အချိန်မှာ ဒေသစံတော်ချိန် မနက် ၁၁နာရီ ၃ဝ မိနစ်အချိန်တွင်ဖြစ်သည်ဟုဆိုသည်။ ယခင်က မီးတောင်မှ ပြာများပန်းထွက်ခဲ့စဉ်တွင် မီးတောင်ဝမှ အမြင့် မီတာ ၁ထောင်အထိ ပန်းထွက်ခဲ့ဖူးကြောင်း၊ ဒုတိယအကြိမ် ပြာများပန်းထွက်မှုမှာ ပိုမိုပြင်းထန်ပြီး နိုင်ငံ၏ အလယ်ပိုင်း တောင်ကြောများ နှင့် မြို့တော်ဆန်ဟိုဆေးအပါအဝင်အခြားအဓိကမြို့များအထိပါ ပျံ့နှံ ခဲ့ကြောင်း ဆိုသည်။ အာဏာပိုင်များက နိုင်ငံအတွင်းရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် လေယာဉ်များပျံသန်းခွင့်ကို ဆိုင်းငံ့ထားလိုက်ပြီဖြစ်သည်။ (Xinhua)