Videos
တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန် ကနေဒါ ခရီးစဉ်အတွင်းဆောင်ရွက်ချက်များ
ကနေဒါ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်သည် စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကနေဒါနိုင်ငံသို့
တရားဝင်ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်သွားရောက်ခဲ့သည်။ ၎င်း၏ခရီးစဉ်အတွင်းဝန်ကြီးချုပ်လီသည်
ကနေဒါနိုင်ငံဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ခေါင်းဆောင် ၂ ဦးတို့သည်
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီမှုစာချုပ်များ
လက်မှတ်ရေးထိုးပွဲကိုလည်းတက်ရောက်ခဲ့သလို သတင်းစာရှင်းလင်းပွဲများကိုလည်းတက်ရောက်ခဲ့ကြသည်။
ဝန်ကြီးချုပ်လီသည် ကနေဒါနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ ဂျော့ရှ် ဖူရေး၊ အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျက်ဖ်
ရီဂန် နှင့် ကနေဒါ ဘုရင်ခံချုပ် ဒေးဗစ်ဂျွန်စတန် တို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့အပြင် လီ သည်
(၆) ကြိမ်မြောက်တရုတ် ကနေဒါ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်မှုပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တွင်လည်း
မိန့်ခွန်းပြောကြားခဲ့သည်။ ဝန်ကြီးချုပ်လီသည် ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုး နှင့်အတူ ကနေဒါရိုးရာ
ရေခဲဟော်ကီလည်းအတူတကွ ပါဝင် ကစားခဲ့ကြသည်။ (Xinhua)