Videos
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် BRICS ထိပ်သီး အစည်းအဝေး တက်ရောက်
ဂိုအာ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂိုအာပြည်နယ်သို့ အောက်တိုဘာလ ၁၅ ရက်က BRICS ထိပ်သီး အစည်းအဝေး တက်ရောက်ရန် ရောက်ရှိခဲ့သည်။
ယခုနှစ် အိန္ဒိယနိုင်ငံ ဂိုအာပြည်နယ်တွင် ၈ ကြိမ်မြောက် BRICS ထိပ်သီး အစည်းအဝေးကို ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံ တို့ ပါဝင်ပြီး အောက်တိုဘာလ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့ သည်။
BRICS ထိပ်သီး အစည်းအဝေးသို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့်အတူ ဘရာဇီး သမ္မတ မစ်ချယ် တီမာ၊ ရုရှား သမ္မတ ဗလာဒီမာ ပူတင်၊ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီနှင့် တောင်အာဖရိက သမ္မတ ဂျက်ကော့ဘ် ဇူးမားတို့ တက်ရောက်ခဲ့ သည်။
ယခုနှစ်သည် ကမ္ဘာ ပေါ်တွင် စီးပွားရေး ဖွံ့ဖြိုးမှု အလျင်မြန်ဆုံး တိုးတက်ခဲ့သော အဓိက ငါးနိုင်ငံ စုစည်းကာ BRICS ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ခဲ့သည့် ၁ဝ နှစ်ပြည့်မြောက်သည့် နှစ်ပတ်လည်လည်း ဖြစ်သည်။ (Xinhua)