Connect with us

Culture & Entertainment

တရုတ် ရုပ်ရှင်တွင် Operation Mekong ဇာတ်ကား လွှမ်းမိုးထား

Operation Mekong ရုပ်ရှင် ဇာတ်ကား ကြော်ငြာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

ဒေသတွင်း မှုခင်း အက်ရှင် ရုပ်ရှင်ဇာတ်ကားဖြစ်သော “Operation Mekong” သည် တရုတ်နိုင်ငံရှိ ရုပ်ရှင်ရုံများ၌ ရောင်းအားကောင်းသည့် ဇာတ်ကားအဖြစ် ဦးဆောင်နေပြီး ဝင်ငွေ ယွမ် ၂၇၆ သန်း (အမေရိကန် ဒေါ်လာ ၄၁ သန်း) ရရှိခဲ့ကြောင်း China Film News က အောက်တိုဘာလ ၁၈ ရက်က သတင်းဖော်ပြခဲ့သည်။

ပြည်တွင်း ဒုတိယနေရာတွင်မူ စက်တင်ဘာလ ၂၉ ရက်က ရုံတင်ပြသခဲ့သော ကြည်နူးဖွယ်အချစ်ဇာတ်လမ်း ဖြစ်သည့် “I Belonged to You” ဇာတ်ကားက ဝင်ငွေ ယွမ် ၁၀၃ သန်းရရှိခဲ့သည်။

တရုတ် ရုပ်ရှင်ရုံများတွင် အောက်တိုဘာလ ၁၄ ရက်က ပွဲဦးထွက် ပြသခဲ့သော ဒါရိုက်တာ စတီဗင် စပီးလ်ဘတ် ရိုက်ကူးထားသည့် အမေရိကန် စိတ်ကူးယဉ် စွန့်စားခန်းရုပ်ရှင်ဇာတ်ကား “The BFG” က ဝင်ငွေ ယွမ် ၉၁ သန်းဖြင့် တတိယ နေရာတွင် ရှိခဲ့ကြောင်း သိရသည်။

ဟောင်ကောင် ရုပ်ရှင် ကြယ်ပွင့် Andy Lau ပါဝင် သရုပ်ဆောင်ထားသည့် ပြည်တွင်း ဟာသဇာတ်ကား “Mission Milano” ကမူ ယွမ် ၂၆ သန်း ဝင်ငွေ ရရှိခဲ့ကာ စတုတ္ထနေရာ၌ ရှိနေခဲ့ပြီး ပြည်တွင်းစစ်ကား “The Warriors” ဇာတ်ကားက ဝင်ငွေ ယွမ် သန်း ၂၀ ဖြင့် ပဉ္စမနေရာတွင် အသီးသီးရှိနေခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.