Connect with us

Videos

တရုတ်နိုင်ငံက လူလိုက်ပါသည့် Shenzhou-11 အာကာသယာဉ် လွှတ်တင်

ကျူချွမ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် လူလိုက်ပါသည့် Shenzhou-11 အာကာသယာဉ်အား အောက်တိုဘာ ၁၇ ရက် ပေကျင်းစံတော်ချိန် နံနက် ရး၃၀နာရီတွင် လွှတ်တင်ခဲ့သည်။

ယင်း အာကာသယာဉ် အား Long March-2F ဂြိုဟ်တုသယ်ဆောင်ရေးဒုံးပျံဖြင့် သယ်ဆောင် လွှတ်တင်သွားပြီး ကျင်းဟိုင်ဖန် နှင့် ချန်တုံး အမည်ရှိ အမျိုးသားအာကာသယာဉ်မှူး နှစ်ဦး တို့လိုက်ပါသွားသည်။

Shenzhou-11 အာကာသယာဉ်သည် ဂြိုဟ်ပတ်အာကာသဓါတ်ခွဲခန်း Tiangong-2 နှင့် ၂ရက်အတွင်း ချိတ်ဆက်သွားမည်ဖြစ်ပြီး အာကာသယာဉ်မှူးများသည် အဆိုပါဓါတ်ခွဲခန်း၌ ရက်၃၃ ကြာ နေထိုင်သွားမည် ဖြစ် ပြီး Tiangong-2မှ ခွဲထွက်လာကာ ကမ္ဘာမြေဆီကို တစ်ရက်အတွင်း ပြန်လည်ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.