Connect with us

Videos

အာကာသယာဉ်မှူး ကျင်ဟိုင်ဖိန် အတွက် ကမ္ဘာတစ်ဝန်းမှ ကလေးငယ်များမွေးနေ့ဆုတောင်းပေး

ပေကျင်း ၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)

ကမ္ဘာတစ်ဝန်းမှ ကလေးငယ်များသည် လက်ရှိအချိန်၌ ထျန်းကုန်း-၂ ( Tiangong-2) ဓာတ်ခွဲခန်းဂြိုဟ်တုဖြင့် အာကာသတွင်းရောက်ရှိနေသော တရုတ်အာကာသယာဉ်မှူး ကျင်ဟိုင်ဖိန် အတွက် မွေးနေ့ဆုတောင်းစာများပေးပို့ခဲ့ကြကြောင်း သိရသည်။

Shenzhou-11 အကာသစူးစမ်းလေ့လာခြင်း အစီအစဉ်၏ ခေါင်းဆောင်အာကာသယာဉ်မှူး ကျင်ဟိုင်ဖိန်သည် အောက်တိုဘာလ ၂၄ ရက်တွင် အသက် ၅ဝ နှစ် ပြည့်ခဲ့ကြောင်း သိရသည်။ ဆင်ဟွာသတင်းဌာနသည် ကျင်အတွက် ကမ္ဘာတစ်ဝန်းရှိ ကလေးငယ်ပေါင်း ၁ဝ,ဝဝဝ ကျော်ထံမှ ပေးပို့လာသော မွေးနေ့လက်ဆောင် စာလွှာများ ၊ အရုပ်များ ၊ ဗီဒီယိုဖိုင်များကို လက်ခံရရှိခဲ့သည်။ အဆိုပါ မွေးနေ့လက်ဆောင်များကို အမေရိကန်နိုင်ငံ နှင့် ဆွီဒင်နိုင်ငံများအပါအဝင် တရုတ်နိုင်ငံ အနှံ့အပြား ၊ ဟောင်ကောင်ကျွန်း နှင့် ထိုင်ဝမ်းကျွန်း များမှ ပေးပို့လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.