Videos
ရန်ကုန်မြို့အတွင်း ကုန်သေတ္တာယာဉ်များ အချိန်ပိုင်းဝင်ထွက်ခွင့် အစီအစဉ် နိုဝင်ဘာလလယ်သို့ ရွှေ့ဆိုင်း
ရန်ကုန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ကုန်သေတ္တာတင် ကွန်တိန်နာယာဉ် ကြီးများကို နိုဝင်ဘာ ၁ရက်နေ့မှစပြီး အချိန်အကန့်အသတ်ဖြင့်သာ ဝင်ရောက်ပြေးဆွဲရန် ကြေညာချက်ထုတ်ပြန်ခဲ့သော်လည်း ညှိုနှိုင်းဆွေးနွေးမှု မပြီးပြတ်သေးသဖြင့် နိုဝင်ဘာလလယ်သို့ ရွှေ့ဆိုင်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
ကုန်သေတ္တာတင်ယာဉ်ကြီးများအား ညပိုင်းဝင်ခွင့်ပြုမည့်အချိန်နှင့် အခြားသောအကြောင်းအရာများ ကို ဆွေးနွေးမှုမပြီးပြတ်သေးသည့်အတွက် နိုဝင်ဘာလလယ်သို့ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ကုန်သေတ္တာယာဉ်များ အချိန်ပိုင်းသာ ဝင်ထွက်ခွင့်နှင့် ပတ်သက်ပြီး ရန်ကုန် မြို့တော်စည်ပင်၊ ကုန်သေတ္တာ တင်ယာဉ်ကြီးနှင့် ကုန် တင်ယာဉ်ကြီးများ၏ လုပ်ငန်းရှင် များနှင့် ယင်းတို့နှင့် ဆက်နွှယ်နေ သောဌာနဆိုင်ရာများ ပူးပေါင်းညှိနှိုင်း ဆွေးနွေးနေကြကြောင်း သိရသည်။ (Xinhua)