Connect with us

Environment, Disasters & Accidents

သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စု နမ့်လန်ဈေးမီးလောင်မှု ည၉ နာရီတွင် မီးငြိမ်းသတ်နိုင်

နမ့်လန်ဈေးမီးလောင်မှုအားတွေ့ရစဉ် (ဓာတ်ပုံ -MOI)

ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာ အုပ်စု၊ နမ့်လန်ဈေးတွင် ယနေ့ညနေ (၆း၂၀)နာရီအချိန်တွင် စတင်လောင်ကျွမ်းခဲ့သည့် မီးလောင်ကျွမ်းမှုသည် ည၉ နာရီတွင် မီးငြိမ်းသွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ဆင်ဟွာကိုပြောသည်။

သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သူ ကျားဖြူပါတီ မှ ဦးရဲထွန်းက ” နမ့်လန်မြို့က မြို့ငယ်တစ်မြို့ပါ ။ တစ်ဈေးလုံးမီးထဲ ပါသွားတယ်လို့တော့ သိရပါတယ်။ လူအသေအပျောက်တော့ မကြားမိသေးပါဘူး ။ အဲ့ဒီဈေးက နမ့်လန် အနေနဲ့တော့ ဈေးကြီးတစ်ခုပါ ” ဟု ဆင်ဟွာကိုပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုသည် မီးကြွင်းမီးကျန်မှ တဆင့် မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း မီးလောင်ရာသို့ နမ့်လန် မီးသတ်တပ်ဖွဲ့မှ မီးသတ်ကား(၃)စီးဖြင့် ငြိမ်းသတ်ရာ (၆း၄၅)နာရီတွင် မီးညွန့်ကျိုးခဲ့ပြီး၊ သီပေါမြို့နယ်မှ မီးသတ် ကား(၃)စီး၊ လူနာတင်ယာဉ် (၂)စီးဖြင့်သွားရောက်ကူညီ လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ကနဦးသတင်းထုတ်ပြန်ခဲ့သည်။

နမ့်လန်မြို့သည် မြေပဲ အဓိကထွက်ပြီး ၎င်းတို့၏ထုတ်ကုန်များကို ရောင်းချရန်အတွက်အနီးအနားရွာများက ထိုဈေးကြီးကို အားကိုးနေရကြောင်း သိရသည်။

မီးသည် ဈေးအတွင်းဘက်မှလှိုက်၍ ်လောင်နေခြင်းကြောင့် မီးသတ်ကားများဈေး အတွင်းဘက်အထိဝင်၍ငြိမ်းသတ်ရန်အခက်အခဲရှိသည့်အတွက်တစ်ဈေးလုံးကုန်

အောင်လောင်ကျွမ်းရခြင်းဖြစ်ကြောင်း ဦးရဲထွန်းကပြောကြားခဲ့သည်။ (Xinhua)