Connect with us

Environment, Disasters & Accidents

သီပေါမြို့နယ် နမ့်လန်ဈေးကြီး ဆိုင်ခန်း ၅၀၀ကျော် မီးလောင်ကျွမ်းပြီး ကျပ်သိန်း၂၀၀၀ကျော် ဆုံးရှုံးဟုဆို

သီပေါမြို့နယ် နမ့်လန်ဈေးကြီး မီးလောင်ကျွမ်းနေစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ရှိ နမ့်လန်ဈေးကြီးအား နိုဝင်ဘာ ၆ရက်နေ့က မီးလောင်မှုတွင် ဆိုင်ခန်း ၅၀၀ကျော် မီးလောင်ကျွမ်းပြီး ကျပ်သိန်း ၂၀၀၀ကျော် ဆုံးရှုံးခဲ့ကြောင်း နမ့်လန်ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

နမ့်လန်ဈေးကြီး မီးလောင်မှုကြောင့် ဆိုင်ခန်း ၆၀၀ကျော်ရှိသည့် အနက် ၅၄၅ခန်း မီးလောင်ကျွမ်းခဲ့ကာ မီးလောင်ခဲ့သော ဆိုင်ခန်း စုစုပေါင်း ၅၄၅ ခန်း၏ ဆုံးရှုံးမှု တန်ဖိုးသည် ခန့်မှန်း ကျပ်သိန်းပေါင်း ၂၀၀၀ ကျော်ရှိကြောင်း မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ဈေးကြီးသည် နိုဝင်ဘာ ၆ရက်နေ့ ည ၆နာရီခွဲက အကြော်ဖိုတခုမှ မီးကြွင်းမီးကျန်မှစတင် စတင်လောင်ကျွမ်းရာ ည၈နာရီခွဲတွင် မီးညွှန့်ကျိုးပြီး ည ၉နာရီတွင် မီးအားလုံးကို ငြိမ်းနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။

ယင်းမီးလောင်ကျွမ်းမှုကို နမ့်လန်ရဲစခန်းက ပုဒ်မ ၂၈၅ ပေါ့ဆမီးဖြင့် အမှုဖွင့်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.