Videos
တရုတ်နိုင်ငံဝန်ကြီးချုပ် နှင့် ရုရှားသမ္မတတို့ တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေးအမြင်ချင်းဖလှယ်
မော်စကို၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)
တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်တို့သည် နိုဝင်ဘာ ၈ရက်က ရုရှားနိုင်ငံ မော်စကိုမြို့တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နှင့် တရုတ်-ရုရှား ဆက်ဆံရေး မြှင့်တင်နိုင်ရန်အတွက် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း သိရသည်။
လီက တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံတို့သည် တစ်နိုင်ငံ နှင့် တစ်နိုင်ငံ ပြီးပြည့်စုံသော မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ အကြီးဆုံးသော အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး နှစ်ဖက် ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှုများသည် တည်ငြိမ်စွာ ရှေ့ဆက်နေသည်ကို တွေ့မြင်ခဲ့ပြီးဖြစ်ကာ အောင်မြင်မှု အသီးအပွင့်များကို အဆက်မပြတ် ဆွတ်ယူနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်က ရုရှားနိုင်ငံသည် တရုတ်နိုင်ငံ နှင့် လက်တွဲကာ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများ၊ မြန်နှုန်းမြင့် ရထားလမ်းများ နှင့် ဘဏ္ဍာရေး ကဲ့သို့သော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် နှင့် နှစ်နိုင်ငံ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး၊ အဆင့်မြင့် ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရုရှားနိုင်ငံံသည် ဝန်ကြီးချုပ်လီ၏ ရှစ်ရက်ကြာ အာရှ-ဥရောပ ခရီးစဉ် နောက်ဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။ (Xinhua)