Videos
လူနာတစ်ဦးအား နားရွက်တုဖန်တီးတပ်ဆင်ပေးတော့မည်
ရှန်ရှီး၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှန်ရှီးပြည်နယ် ရှီအန်း ကျောင်းထုံး တက္ကသိုလ်ဆေးရုံတွင် လူနာတစ်ဦးကို နားရွက်တုဖန်တီးပြီး နားရွက်အစားထိုးခွဲစိတ်ကုသရန်လုပ်ဆောင်လျက်ရှိသည်။ ဆရာဝန်များ က လူနာ၏ နားရွက်အတုကို လူနာ၏ နံရိုးထဲက အရိုးနုတွေကို ထုတ်ပြီး နားရွက်ပုံ ဖန်တီး ကာ လက်တွင် တပ်ဆင် အောင်မြင်ခဲ့ကြပြီဖြစ်သည်။ လွန်ခဲ့သည့် တစ်နှစ်က ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုကြောင့် နားရွက်ပြတ်သွားသည့်လူနာအတွက် ထိုသို့ ကုသရန်စီစဉ်ကြောင်းသိရသည်။ နားရွက်အစားထိုး ကုသမှုမှာ အဆင့်(၃)ဆင့်ရှိကြောင်း၊ ပထမအဆင့်က လူနာရဲ့ ညာဘက်လက်ဖျံမှာ အရေပြား ဖောင်းကြွလာစေဖို့ (Skin Expander) ထိုးသွင်းရ ကြောင်း၊ ဒုတိယအဆင့်မှာ လူနာရဲ့ နံရိုးထဲက အရိုးနုတွေကို ထုတ်ပြီး နားရွက်ပုံ ဖန်တီး ထားသည့်အရိုးနုများကို (Skin Expander)ထိုးသွင်းထားသောနေရာ တွင် ထည့် ရခြင်းဖြစ်ကြောင်း တတိယအဆင့်အရ လက်ဖျံ တွင် အရေပြားဆက်ပြီး အပြည့်အဝ ပုံပေါ်လာတဲ့ နားရွက်ကို ဖြတ်ပြီး ဦးခေါင်းမှာ တပ်ဆင်သွားမှာဖြစ်ကြောင်း သိရသည်။ယခု ခွဲစိတ်မှုကို ဦးဆောင်သူ ဒေါက်တာ ကွာရှူကျုံး(Guo Shuzhon) နှင့်အဖွဲ့သည် ၂ဝဝ၆ ခုနှစ်ကတည်းက မျက်နှာအစားထိုးခွဲစိတ်မှုကိုအောင်မြင်စွာဆောင်ရွက်ခဲ့ဖူးကြောင်းသိရသည်။(Xinhua)