Connect with us

Videos

အဆင့်မြင့်နည်းပညာများ ပြပွဲ တရုတ်နိုင်ငံတွင်ကျင်းပ

ရှန်းကျန့်၊ နိုဝင်ဘာလ ၁၉ ရက်(ဆင်ဟွာ)

၁၈ ကြိမ်မြောက် တရုတ် အဆင့်မြင့်နည်းပညာပြပွဲကို နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျင်းပလျက်ရှိပြီး နိုင်ငံပေါင်း ၃၇ နိုင်ငံမှ လာရောက်ပြသသူပေါင်း ၃ဝဝဝ ခန့် ပါဝင်ကြောင်းသိရသည်။ အဆိုပါ ပြပွဲတွင် ကမ္ဘာ့ နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာများ ပါဝင်ပြီး ဘေးထွက်ဆိုးကျိုးမရှိသည့် ဆီးချိုတိုင်းတာရေးစက်များနှင့် ခြေလက် ထိခိုက်ဒါဏ်ရာ ရသူလူနာများအတွက် ကုသပေးနိုင်သည့် ရေအောက်စက်ရုပ်ယာဉ်များ၊ နောက်ဆုံးပေါ် လူ့ကိုယ်ခန္ဓာ ကျန်းမာရေးစစ်ဆေးစက်များ စသဖြင့် ကျန်းမာရေးအထောက်အကူပြုနည်းပညာများ အပါအဝင်အခြား လူငယ်များ အတွက် အထူး စိတ်ဝင်စားဖွယ်ရာ နောက်ဆုံးပေါ်ဂိမ်းများ၊ နည်းပညာများကို ပြသလျက်ရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.