Asia
ကမ္ဘောဒီးယား-တရုတ်အမြန်လမ်းမကြီး ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း သတ်မှတ်ချိန်ထက်စောပြီးရန် မျှော်လင့်ဟု ဝန်ကြီးပြောကြား
ဖနွမ်းပင် ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံပြည်သူ့လုပ်ငန်းဆောင်တာများ နှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Sun Chanthol က တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံတည်ဆောက်ပေးနေသည့် ဖနွမ်းပင်- သီဟာနုဗီလာ (Sihanoukville) အမြန်လမ်းမကြီးဖောက်လုပ်မှု စီမံကိန်းသည် COVID-19 ကပ်ရောဂါဖြစ်ပွားနေလင့်ကစား လုပ်ငန်းများအပြည့်အဝ ဆက်လက်လည်ပတ်လျက်ရှိကြောင်း နှင့် သတ်မှတ်ချိန်ထက်စောပြီးရန် မျှော်လင့်ထားကြောင်း ဇွန် ၂၁ ရက်တွင်ပြောကြားခဲ့သည်။တရုတ်နိုင်ငံ လမ်းတံတားကော်ပိုရေးရှင်း(CRBC) က အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံတည်ဆောက်နေသည့် အဆိုပါ အမြန်လမ်းမကြီးသည် ဖနွမ်းပင်မြို့တော် နှင့် နိုင်ငံအရှေ့တောင်ပိုင်း ဆိပ်ကမ်းပြည်နယ်တစ်ခုဖြစ်သော ပရိခ်သီဟာနု(Preah Sihanouk) မြို့အကြား ဆက်သွယ်ပေးသွားမည်ဖြစ်သည်။
အဆိုပါ အမြန်လမ်းမကြီးကို ၂၀၁၉ ခုနှစ် မတ်လတွင် စတင်ဖောက်လုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ် မတ်လတွင် ပြီးစီးရန် အချိန်ဇယားသတ်မှတ်ထားသည်။ ယခုအခါ ယင်းလမ်းမကြီးတည်ဆောက်ရေးစီမံကိန်းသည် ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် စော၍ ပြီးစီးနိုင်ရန် ယုံကြည်ရကြောင်း ဝန်ကြီးရုံး၏ Facebook စာမျက်နှာပေါ်၌ တိုက်ရိုက်ထုတ်လွင့်စဉ် ဝန်ကြီး Chanthol က ထည့်သွင်းပြောကြားခဲ့သည်။
၎င်းက “ အခုထိတော့ တည်ဆောက်ရေးလုပ်ငန်းတစ်ခုလုံးရဲ့ ၅၅ ရာခိုင်နှုန်းကျော် ပြီးစီးသွားပြီ ဖြစ်ပါတယ်” ဟု Kampong Speu ပြည်နယ်အတွင်းရှိ လမ်းတည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်စစ်ဆေးစဉ် သတင်းထောက်များအား ပြောကြားခဲ့သည်။
လမ်းအကျယ် ၂၄.၅ မီတာနှင့်အတူ အသွားအပြန် တစ်ဖက်တစ်ချပ်စီတွင် နှစ်လမ်းသွားဖောက်လုပ်ထားပြီး မော်တော်ယာဉ်များအနေဖြင့် တစ်နာရီ ၁၀၀ ကီလိုမီတာ မြန်နှုန်းဖြင့် မောင်းနှင်နိုင်မည်ဖြစ်ကြောင်း ၊ ထို့ကြောင့် ယင်းမြို့နှစ်မြို့အကြား ခရီးအကွာအဝေးကို အချိန် နှစ်နာရီအတွင်း မောင်းနှင်ရောက်ရှိမည်ဖြစ်ကြောင်း ၊ လက်ရှိတွင် ယင်းခရီးစဉ်ကို အချိန် ၅ နာရီကြာ သွားလာနေရကြောင်း ၎င်းက ဆိုသည်။
မြို့တော်ဖနွမ်းပင် နှင့် အကြီးဆုံး ဆိပ်ကမ်းမြို့အကြား ချိတ်ဆက်ပေးမည့် ယင်းအမြန်လမ်းမကြီးသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးရာတွင် အလွန်အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နိုင်လိမ့်မည်ဖြစ်ကြောင်းလည်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။
Chanthol က ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေလင့်ကစား လမ်းတည်ဆောက်ရေးစီမံကိန်းမှာ ဖြည်းဖြည်းမှန်မှန်ဖြင့် ဆက်လက်လုပ်ကိုင်လျက်ရှိရာ တရုတ် နှင့် ကမ္ဘောဒီးယားလုပ်သားများ၏ ပူးပေါင်းအားထုတ်မှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ယင်းစီမံကိန်းကြီးသည် လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံသား အလုပ်သမား ၃,၀၀၀ ကျော်အတွက် အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးထားပြီး ၊ ၎င်းတို့အနက် ၆၆ ရာခိုင်နှုန်းကျော်မှာ COVID-19 ကာကွယ်ဆေးနှစ်ကြိမ်အပြည့်အဝထိုးနှံထားပြီးဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ ဒီစီမံကိန်းကြီးက ကမ္ဘောဒီးယားအလုပ်သမားတွေအတွက် သိပ်ကို အကျိုးကျေးဇူးကြီးမားပါတယ်။ ဘာကြောင့်လဲဆိုတော့ အမြန်လမ်းမတစ်ခုဖောက်လုပ်ဖို့ ဘယ်လိုလုပ်ကိုင်ရလဲဆိုတာ သူတို့ကို နည်းပညာပိုင်း အသိအမြင်တွေ ပံ့ပိုးပေးလို့ပဲဖြစ်ပါတယ် ၊ ဒီစီမံကိန်းပြီးသွားရင်တော့ သူတို့ဟာ ကမ္ဘောဒီးယားနိုင်ငံထဲက အခြားအမြန်လမ်းတည်ဆောက်ရေးတွေမှာ သူတို့ရဲ့ အတွေ့အကြုံဗဟုသုတတွေကို ပြန်ပြီးအသုံးချနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ အမြန်လမ်းမကြီးသည် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း မူဘောင်အောက်တွင် လုပ်ကိုင်နေသည့် ကမ္ဘောဒီးယား- တရုတ် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံ ပြည်သူ့လုပ်ငန်းဆောင်တာများ ၊ စက်မှု ၊ သတ္တု ၊ စွမ်းအင် ၊ စီးပွားကူးသန်း နှင့် မြေယာစီမံခန့်ခွဲမှု ဆိုင်ရာ အမျိုးသားညီလာခံကော်မရှင်ဥက္ကဌအမျိုးသမီး Nin Saphon က နည်းပညာစံချိန်စံညွှန်းများဖြင့် အပြည့်အဝတည်ဆောက်နေသော အမြန်လမ်းမကြီးစီမံကိန်းအတွက် CRBC ကိုချီးကျူးစကားဆိုခဲ့သည်။
“ တည်ဆောက်ရေးနည်းပညာပိုင်းဟာ သိပ်ကို ပညာရှင်ဆန်ပါတယ် ” ဟု ယင်းလုပ်ငန်းခွင်သို့သွားရောက်စဉ် ၎င်းက ပြောကြားခဲ့ပြီး “ ဒီအဝေးပြေးလမ်းမကြီးဟာ ကမ္ဘောဒီးယားနဲ့တရုတ်နိုင်ငံအကြား နောက်ထပ် ဖျက်ဆီးလို့မရနိုင်တဲ့ ခိုင်မာတဲ့ချစ်ကြည်ရင်းနှီးမှု သက်သေခံချက်တစ်ခုပါပဲ” ဟု ဆိုသည်။
အရှည် ၁၈၇.၀၅ ကီလိုမီတာရှိသော ဖနွမ်းပင် – သီဟာနုဗီလာ အမြန်လမ်းမကြီးသည် BOT စနစ်ကိုအခြေခံတည်ဆောက်နေသော စီမံကိန်းတစ်ခုဖြစ်သည်။ ယင်းတည်ဆောက်ရေးလုပ်ငန်းပြီးစီးသွားပါက ယင်းလမ်းမကြီးသည်ကမ္ဘောဒီးယားနိုင်ငံ၏ ပထမဆုံး အမြန်လမ်းမကြီး ဖြစ်လာမည်ဟု သိရသည်။(Xinhua)
…………………………………………
(English Version)
Cambodia-China expressway cooperation project expected to be completed ahead of schedule: minister
PHNOM PENH, June 22 (Xinhua) — Cambodian Minister of Public Works and Transport Sun Chanthol said Monday that the construction of the Chinese-invested Phnom Penh-Sihanoukville Expressway has gone full steam despite the COVID-19 pandemic and is expected to be completed ahead of schedule.
Invested by China Road and Bridge Corporation (CRBC), the 2-billion-U.S.-dollar expressway will connect the capital city of Phnom Penh and the deep-sea port province of Preah Sihanouk in the country’s southwestern part.
The construction of the expressway began in March 2019 and is scheduled to be completed in March 2023. It is believed that the firm will be able to finish the project by September 2022, Chanthol said, according to the live broadcast on the ministry’s official Facebook page.
“So far, about 55 percent of the construction has been completed,” he told reporters during a visit to a stretch of the road in Kampong Speu province.
At a width of 24.5 meters with two lanes on either side, vehicles can travel at a speed of 100 km per hour, so it will take only two hours to travel between the two destinations, compared with five hours at present, he said.
The minister added that the road will play a very important role in helping boost Cambodia’s economic growth as it links the capital city to the largest seaport in the kingdom.
Chanthol said that despite the COVID-19 pandemic, the work on the project continued to make headway steadily thanks to the joint effort of the Chinese and Cambodian workers.
He said the project has currently created over 3,000 jobs for Cambodians, and about 66 percent of them have been fully vaccinated with two doses of the COVID-19 vaccine.
“This project is very beneficial to our Cambodian workers because it provides them with technical know-how on the construction of an expressway, and we hope that after the project, they will be able to use their knowledge to help build other expressways in Cambodia,” he said.
The expressway is one of the Cambodia-China cooperation projects under the framework of the Belt and Road Initiative.
Nin Saphon, chairwoman of the National Assembly’s Commission on Public Works, Industry, Mines, Energy, Commerce, and Land Management, praised the CRBC for constructing the road in full compliance with technical standards.
“The firm’s construction technique is very professional,” she said during the visit. “This expressway is another testament to the unbreakable ironclad friendship between Cambodia and China.”
The 187.05-km Phnom Penh-Sihanoukville Expressway is built on a build-operate-transfer basis. After completion, it will be the first ever expressway in Cambodia.
3- Aerial photo taken on Nov. 15, 2020 shows the construction site of the first expressway in Cambodia in Kampong Speu Province, Cambodia. (Photo by Li Zhen/Xinhua)
4- Aerial photo taken on Nov. 15, 2020 shows a concrete mixing plant at the construction site of the first expressway in Cambodia in Kampong Speu Province, Cambodia. (Photo by Li Zhen/Xinhua)