Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံ၌ ကာလဝမ်းရောဂါဖြစ်ပွားမှုကြောင့် နှစ်ဝက်အတွင်း လူ ၃၂၅ ဦး သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံ Adamawa ပြည်နယ် Mubi မြို့၌ ၂၀၁၈ ခုနှစ် ဇွန်လအတွင်းက ဒေသခံများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တစ်ကိုယ်ရေ သန့်ရှင်းရေး နှင့် ကာကွယ်ရေးအစီအမံများ ပညာပေး ပြောကြားနေစဉ်(ဆင်ဟွာ)

လာဂိုစ် ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီးယား နိုင်ငံ၏ မြို့တော် နှင့် ပြည်နယ် ၁၅ ခု၌ ကာလဝမ်းရောဂါ ဖြစ်ပွားမှုကြောင့် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း လူ ၃၂၅ ဦး သေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယား ရောဂါထိန်းချုပ်ရေးစင်တာ(NCDC)က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။နိုင်ဂျီးရီးယားနိုင်ငံ၌ ဇူလိုင် ၁၀ ရက်တွင် ကာလဝမ်းရောဂါ ဖြစ်ပွားမှုနောက်ဆုံးအခြေအနေအား NCDC က ပြောကြားရာတွင် ဖက်ဒရယ်မြို့တော်နယ်မြေ(FCT) နှင့် ပြည်နယ် ၁၅ ခုမှ ကာလဝမ်းရောဂါ သံသယလူနာပေါင်း ၁၄,၃၄၃ ဦး နှင့် သေဆုံးသူ ၃၂၅ ဦး ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံ Adamawa ပြည်နယ် Mubi မြို့၌ ၂၀၁၈ ခုနှစ် ဇွန်လအတွင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တာဝန်ရှိသူများက သောက်သုံးရေများကို ကလိုရင်းဖြင့် ပိုးသတ်နေသည်ကို ပြသနေစဉ်(ဆင်ဟွာ)

နိုင်ငံအနှံ့ သံသယလူနာ ၂၇ ရာခိုင်နှုန်းခန့်သည် အသက် ၅ နှစ်မှ ၁၄ နှစ်အုပ်စုအတွင်း ဖြစ်ကြောင်း ထုတ်ပြန်မှုအရ သိရသည်။ နိုင်ဂျီးရီးယား ရောဂါထိန်းချုပ်ရေးစင်တာ(NCDC)က အခြားလှုပ်ရှားမှုများအတွင်း အန္တရာယ်ရှိသော ကူးစက်မှုများအား လျှော့ချခြင်း ၊ ဆေးဘက်ဆိုင်ရာ နှင့် ဓာတ်ခွဲခန်း အထောက်အကူပြုပစ္စည်းများထောက်ပံ့ခြင်း နှင့် ပြည်နယ်အဆင့်တွင် တုံ့ပြန်ဆောင်ရွက်မှုအား ထောက်ပံ့ရန် အလျင်အမြန်တုံ့ပြန်ရေးအဖွဲ့များကို ဖြန့်ကျက်ထားခြင်း အပါအဝင် လက်ရှိရောဂါဖြစ်ပွားမှုအား အလျင်အမြန် ထိရောက်စွာ တုံ့ပြန်နိုင်ရေး တန်းတူဖြစ်စေရန် ပြည်နယ်များအား ထောက်ပံ့ပေးလျက်ရှိကြောင်း ထုတ်ပြန်မှုတွင် ထည့်သွင်းဖော်ပြထားသည်။

ကာလဝမ်းရောဂါသည် ရုတ်တရက် စိုးရိမ်ဖွယ်ဝမ်းလျှောရာမှ စတင်၍ အဆိုးရွားဆုံး ဖြစ်လာကြောင်း နှင့် အလွန်ပြင်းထန်သော ကူးစက်ရောဂါသည် ရေဓာတ်ခမ်းခြောက်မှုကို ဖြစ်ပေါ်စေနိုင်ပြီး အသက်သေဆုံးသည်အထိ ဖြစ်ပွားတက်ကြောင်း သိရသည်။

အဆိုပါရောဂါသည် နိုင်ဂျီးရီးယားနိုင်ငံ၌ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် လူဦးရေထူထပ်သောဒေသများတွင် သောက်သုံးရေ ချို့တဲ့မှုကြောင့် ဖြစ်ကြောင်း သိရသည်။ (Xinhua)
———————————————
(English Version)

Cholera outbreak kills 325 in Nigeria in first half of 2021

LAGOS, July 11 (Xinhua) — An outbreak of Cholera has killed 325 people in 15 states and the capital of Nigeria between January and June of this year, the Nigeria Center for Disease Control (NCDC) said in a report.

In an update of the Cholera outbreak in Nigeria on Saturday, the health agency said a total of 14,343 suspected cases of cholera were reported from 15 states and the Federal Capital Territory (FCT) during the period, with 325 deaths.

According to the report, about 27 percent of suspected cases across the country are those in the 5-14 years bracket.The health agency added that it has been supporting states to ensure a coordinated, rapid and effective response to the current outbreak, including deployment of rapid response teams to support the response at the state level, provision of medical and laboratory supplies, and scale-up of risk communications amongst other activities.

Cholera is a highly virulent disease characterized in its most severe form by a sudden onset of acute watery diarrhea that can lead to death by severe dehydration.
The outbreak is frequently reported in Nigeria due to the lack of potable water supply, especially in densely populated areas.

Photo 1 – This file photo shows World Health Organization team educate locals on hygiene and preventive measures during a house-to-house search for new cholera cases in Mubi town, Adamawa state, Nigeria, on June 6, 2018. (Xinhua/NAN)

Photo 2 – This file photo shows World Health Organization officials monitor water chlorination during a house-to-house search for new cholera cases in Mubi town, Adamawa state, Nigeria, on June 6, 2018. (Xinhua/NAN)