Connect with us

CHINA

တရုတ်နိုင်ငံတွင် ဇူလိုင် ၁၉ ရက်က ထပ်တိုးကိုဗစ်အတည်ပြုလူနာ (၆၅) ဦး ရှိ၊ ၎င်းတို့အနက် (၈)ဦးမှာ ပြည်တွင်းကူးစက်မှုများ ဖြစ်

ပေကျင်း၊ ဇူလိုင် ၂၀ ရက်(ဆင်ဟွာ)

ဇူလိုင် ၁၉ ရက် ၀၀:၀၀ နာရီ မှ ၂၄:၀၀ နာရီထိ တရုတ်နိုင်ငံတွင် ထပ်တိုး ကိုဗစ်အတည်ပြုလူနာအသစ် ၆၅ ဦး ရှိရာ ၎င်းအနက် ပြည်ပကူးစက် ၅၇ ဦး (ယူနန် ၄၁ ဦး၊ ကွမ်တုန်း ၄ ဦး၊ ထျန်းကျင်း ၃ ဦး၊ ရှန်ဟိုင်း ၃ ဦး၊ ဟူပေ ၃ ဦး၊ ပေကျင်း ၁ ဦး၊ ဖူကျန့် ၁ ဦး၊ စီချွမ်း ၁ ဦး) ၊ ပြည်တွင်းကူးစက်မှု ၈ ဦး (အားလုံးမှာ ယူနန်မှ ဖြစ်သည်)ရှိပြီး ထပ်တိုးသေဆုံးလူနာနှင့် ပြည်ပမှ ဝင်ရောက်သည့် သံသယလူနာ ၁ ဦး ရှိကြောင်း တရုတ်နိုင်ငံ ပြည်နယ်၊ ဒေသ၊ မြို့ ၃၁ ခု နှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်ကို အမျိုးသား ကျန်းမာရေးကော်မရှင်က ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ယင်းနေ့တွင် ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ ၂၂ ဦး ၊ အနီးကပ် ကျန်းမာရေးစောင့်ကြည့်မှုမှ ဖြေလျှော့လိုက်သူ ၆၈၅ ဦး ရှိပြီး ရောဂါပြင်းထန်သူ အရေအတွက်သည် ပြီးခဲ့သည့်ရက်ကထက် ၁ ဦး ထပ်တိုးကြောင်း သိရသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့တွင် မြို့နေပြည်သူများအား Nucleic acid စစ်ဆေးပေးနေသည်ကို ဇူလိုင် ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

လက်ရှိတွင် ပြည်ပကူးစက်မှု အတည်ပြုလူနာ ၅၂၇ ဦး (ရောဂါ ပြင်းထန်သူ ၁၁ ဦး ပါဝင်) ရှိပြီး သံသယလူနာ ၁ ဦးရှိကြောင်း၊ စုစုပေါင်း အတည်ပြုလူနာ ၇,၀၆၇ ဦး၊ ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၆,၅၄၀ ဦး နှင့် သေဆုံးလူနာ မရှိကြောင်း သိရသည်။

ဇူလိုင် ၁၉ ရက် ၂၄ နာရီအတွင်း ပြည်နယ်၊ ဒေသ၊ မြို့ ၃၁ ခုနှင့် ရှင်းကျန်းထုတ်လုပ်မှုနှင့်တည်ဆောက်ရေးတပ်ဖွဲ့၏ အစီရင်ခံချက်များအရ လက်ရှိတွင် အတည်ပြုလူနာ ၆၀၈ ဦး(ရောဂါပြင်းထန်လူနာ ၁၄ ဦး ပါဝင်)၊ ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရသူ စုစုပေါင်း ၈၇,၀၉၈ ဦး၊ စုစုပေါင်း သေဆုံးလူနာ ၄,၆၃၆ ဦး ၊ စုစုပေါင်း အတည်ပြုလူနာ ၉၂,၃၄၂ ဦး နှင့် လက်ရှိတွင် သံသယလူနာ ၁ ဦး ရှိကြောင်း သိရသည်။
ရောဂါကူးစက်သူနှင့် အနီးကပ်ထိတွေ့သူများအား ခြေရာခံစောင့်ကြည်မှု စုစုပေါင်း ၁,၀၇၀,၈၁၇ ဦး ရှိပြီး ကျန်းမာရေးအခြေအနေ စောင့်ကြည့်မှု ခံယူနေသူ ၇,၇၂၆ ဦး ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့တွင် မြို့နေပြည်သူများအား Nucleic acid စစ်ဆေးပေးနေသည်ကို ဇူလိုင် ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အသစ်ထပ်တိုးသည့် လက္ခဏာမပြ ရောဂါ ကူးစက်သူ ၁၉ ဦးရှိပြီး ၎င်းတို့အနက် ပြည်ပကူးစက်မှု ၁၇ ဦး၊ ပြည်တွင်း ကူးစက်မှု ၂ ဦး(ကွမ်တုန်း ၁ ဦး၊ ယူနန် ၁ ဦး) ရှိရာ ယင်းနေ့တွင် အတည်ပြုလူနာဖြစ်ခဲ့သူ ပြည်ပကူးစက်မှု ၁ ဦး ရှိကြောင်း ၊ လက်ရှိ ကျန်းမာရေးစောင့်ကြည်မှုမှ ဖြေလျှော့လိုက်သူ ၁၈ ဦး (အားလုံးမှာ ပြည်ပကူးစက်မှုဖြစ်) ၊ ကျန်းမာရေးအခြေအနေ စောင့်ကြည့်မှုခံယူနေသည့် လက္ခဏာမပြ ရောဂါကူးစက်သူ ၄၄၈ ဦး (ပြည်ပကူးစက်မှု ၄၄၁ ဦး ပါဝင်) ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်ဒေသများ၏ သတင်းပေးပို့ချက်များအရ ယင်းဒေသများတွင် အတည်ပြုလူနာ စုစုပေါင်း ၂၇,၄၄၂ ဦး ရှိကြောင်း သိရသည်။ ၎င်းတို့အနက် ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၁၁,၉၅၈ ဦး (ဆေးရုံဆင်းလူနာ ၁၁,၆၈၆ ဦး၊ သေဆုံးသူ ၂၁၂ ဦး)၊ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသတွင် ၅၅ ဦး(ဆေးရုံဆင်းလူနာ ၅၃ ဦး)၊ ထိုင်ဝမ်ဒေသတွင် ၁၅,၄၂၉ ဦး (ဆေးရုံဆင်းလူနာ ၁၂,၂၆၈ ဦး၊ သေဆုံးသူ ၇၆၉ ဦး )ရှိကြောင်း သိရသည်။ (Xinhua)

——————————————–
(English Version)

(聚焦疫情防控)国家卫健委:19日新增新冠肺炎确诊病例65例 其中本土病例8例

新华社北京7月20日电 国家卫健委20日通报,7月19日0—24时,31个省(自治区、直辖市)和新疆生产建设兵团报告新增新冠肺炎确诊病例65例,其中境外输入病例57例(云南41例,广东4例,天津3例,上海3例,湖北3例,北京1例,福建1例,四川1例),本土病例8例(均在云南);无新增死亡病例;新增疑似病例1例,为境外输入病例(在上海)。

当日新增治愈出院病例22例,解除医学观察的密切接触者685人,重症病例较前一日增加1例。
境外输入现有确诊病例527例(其中重症病例11例),现有疑似病例1例。累计确诊病例7067例,累计治愈出院病例6540例,无死亡病例。
截至7月19日24时,据31个省(自治区、直辖市)和新疆生产建设兵团报告,现有确诊病例608例(其中重症病例14例),累计治愈出院病例87098例,累计死亡病例4636例,累计报告确诊病例92342例,现有疑似病例1例。累计追踪到密切接触者1070817人,尚在医学观察的密切接触者7726人。

31个省(自治区、直辖市)和新疆生产建设兵团报告新增无症状感染者19例,其中境外输入17例,本土2例(广东1例,云南1例);当日转为确诊病例1例(为境外输入);当日解除医学观察18例(均为境外输入);尚在医学观察的无症状感染者448例(境外输入441例)。

累计收到港澳台地区通报确诊病例27442例。其中,香港特别行政区11958例(出院11686例,死亡212例),澳门特别行政区55例(出院53例),台湾地区15429例(出院12268例,死亡769例)。(完)

图说1:7月8日晚,在瑞丽东高速公路收费站,防疫人员记录物资车辆信息。新华社记者 王冠森 摄
图说2,3:7月7日,防疫人员为瑞丽居民进行核酸检测。新华社记者 王冠森 摄