Connect with us

Social

ရန်ကုန်မြို့တွင်းရှိ လမ်း၂၉လမ်းသို့ ကုန်တင်ယာဉ်များ အချိန်အကန့်အသတ်ဖြင့်သာ ဝင်ရောက်ခွင့်ပြု

ရန်ကုန်မြို့ ကမ်းနားလမ်းပေါ်၌ ရုံးဆင်းချိန် ယာဉ်ကြောပိတ်ဆို့နေမှုအား တွေ့ရစဉ်(ဓာတ်ပုံ-Nan Nyi)

ရန်ကုန်၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်း ၂၉လမ်းသို့ ကုန်တင်ယာဉ်များကို အချိန်အကန့်အသတ်ဖြင့်သာ ယနေ့ နိုဝင်ဘာ ၇ရက်နေ့မှ စတင်ပြီး ဝင်ထွက်ခွင့်ပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွက်ကဲမှု အာဏာပိုင်အဖွဲ့က ထုတ်ပြန်လိုက်သည်။

ပြည်လမ်း၊ ဦးဝိစာရလမ်း၊ အင်းယားလမ်း၊ ရှင်စောပု၊ ရွှေတိဂုံဘုရားလမ်း၊ ကန်ပတ်လမ်း၊ ပါရမီလမ်း၊ အနော်ရထာလမ်း၊ ကုန်သည်လမ်း၊ ဆူးလေဘုရားလမ်း၊ အထက်ပုဇွန်တောင်လမ်း၊ ရွှေဂုံတိုင်လမ်း၊ လေးထောင့်ကန်လမ်း၊ ရာဇဓိရာဇ်၊ မင်းနန္ဒာလမ်း၊ ကမ္ဘာအေးစေတီလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ သံလွင်လမ်း၊ အလုံလမ်း၊ ဦးဘိုးလှိုင်လမ်း၊ ဝေဇယန္တာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မဟာဗန္ဓုလလမ်း၊ အလံပြဘုရားလမ်း၊ စက်ဆန်း လမ်း၊ ဗားဂရာလမ်း၊ အရှေ့ရွှေဂုံတိုင်၊ ပင်လုံလမ်းနှင့် ဘုန်းကြီးလမ်းများစသည့်လမ်းများပေါ်သို့ ကုန်သယ်ယာဉ်များ သတ်မှတ်ပေးထားသော အချိန်၌သာ ဝင်ထွက်ရမည်ဖြစ်သည်။
ယာဉ်ကြောကျပ်တည်းမှု လျော့နည်းစေရန်နှင့် ကျောင်းတက်/ဆင်း၊ ရုံးတက်/ဆင်း အချိန်များတွင် ယာဉ်သွားလာမှုအခက်အခဲမဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် သတ်မှတ်ထားသော လမ်းကြောင်းများပေါ်တွင် ကုန်တင်ယာဉ်၊ ကုန်တင်သေတ္တာယာဉ်များအား ည(၉)နာရီမှ နံနက် (၆)နာရီအထိသာ သွားလာခွင့်ပြုမည့်ဖြစ်သည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.