Connect with us

North America

တစ်ကမ္ဘာလုံး ပြတ်တောက်မှုဖြစ်ပွားပြီးနောက် Facebook ဝန်ဆောင်မှုများ ပြန်လည်ရရှိ

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Palo Alto ရှိ Facebook ရုံးချုပ်တွင် Facebook အမှတ်တံဆိပ်အားကြော်ငြာထားသည်ကို ၂၀၁၀ ပြည့်နှစ် မေ ၂၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဆန်ဖရန်စစ္စကို ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

Messenger ၊ Instagram နှင့် WhatsApp ကဲ့သို့သော Facebook က ပိုင်ဆိုင်ထားသည့် လူမှုကွန်ရက်စာမျက်နှာများသည့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် နာရီအနည်းငယ်ကြာ ပြတ်တောက်မှုဖြစ်ပွားပြီးနောက် (အမေရိကန်ဒေသစံတော်ချိန်) တနင်္လာနေ့ညနေပိုင်းတွင် Facebook ဝန်ဆောင်မှုများ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။

“ ကျွန်တော်တို့ရဲ့ အက်ပလီကေးရှင်း(apps) တွေနဲ့ ဝန်ဆောင်မှုတွေ ပြန်ရဖို့ ကြိုးပမ်းလုပ်ဆောင်ခဲ့ရပါတယ် ၊ အခုအခါမှာတော့ သူတို့အားလုံး အွန်လိုင်းပေါ် ပြန်ရောက်နေပြီဆိုတဲ့အကြောင်း ဝမ်းမြောက်ပျော်ရွှင်စွာ အသိပေးအပ်ပါတယ်” ဟု Facebook စာမျက်နှာတွင် post တစ်ခုရေးသားဖော်ပြခဲ့သည်။

ပြတ်တောက်မှုဖြစ်ပေါ်နေစဉ်အတွင်း Facebook က “ ဝမ်းနည်းပါတယ်၊ တစ်ခုခုအမှားအယွင်းဖြစ်နေလို့ပါ။ အဲဒီအတွက် ကျွန်တော်တို့ ကြိုးစားပြင်ဆင်နေပါတယ် ၊ တက်နိုင်သမျှအမြန်ဆုံး ပြန်ရဖို့ လုပ်ဆောင်နေပါတယ်” ဟုဆိုသည်။ထို့ပြင် အင်စတာဂရမ် (Instagram) စာမျက်နှာတွင် “ 5xx server error ” ဟူသော စာတမ်းတစ်ခုပေါ်နေခဲ့သည်။
ယင်းပြတ်တောက်မှုဖြစ်ပွားရသည့်အကြောင်းအရင်းမှာ DNS (domain name server) ပင်မဆာဗာ အလုပ်မလုပ်၍ဖြစ်ကြောင်း TechCrunchက ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

“ အများပြည်သူအတွက် facebook ၏ ဝန်ဆောင်မှုနဲ့apps တွေပဲ ပြတ်တောက်သွားရုံသာ မကပါဘူး ၊ လုပ်ငန်းခွင်နယ်ပယ်အပါအဝင် အချင်းချင်းကြားဆက်သွယ်မှုတွေနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေပါ ပြတ်တောက်သွားတဲ့ သဘောပါ ၊ ဘယ်သူမှ ဘာအလုပ်မှ မလုပ်နိုင်ကြတော့ဘူးလေ” ဟု New York Times သတင်းစာအတွက် နည်းပညာကဏ္ဍသတင်းရေးသားနေသော သတင်းထောက် Ryan Mac က တွစ်တာတွင် ရေးသားဖော်ပြခဲ့သည်။ (Xinhua)

————————————
(English Version)
Facebook services restored after worldwide outage
SAN FRANCISCO, Oct. 4 (Xinhua) — Facebook services were restored Monday afternoon after global users experienced outages on social networks Facebook owns, such as Messenger, Instagram and WhatsApp for hours during the day.
“We’ve been working hard to restore access to our apps and services and are happy to report they are coming back online now,” Facebook said in a post.
During the outage, Facebook said, “Sorry, something went wrong. We’re working on it and we’ll get it fixed as soon as we can.” Instagram showed a “5xx server error.”
It appeared that the outage was caused by a DNS (domain name server) fail, a report by TechCrunch said.
“Not only are Facebook’s services and apps down for the public, its internal tools and communications platforms, including Workplace, are out as well. No one can do any work,” Ryan Mac, a technology reporter for The New York Times, said earlier in a tweet. Enditem

The Facebook logo is shown at Facebook headquarters in Palo Alto, California, the United States, May 26, 2010.