Connect with us

Politics, Law & Military

တရုတ်သမ္မတရှီက နှစ်ကူးည အစ္စတန်ဘူလ် အကြမ်းဖက်ခံရမှုအတွက် ဝမ်းနည်းကြေကွဲကြောင်း တူရကီသမ္မတထံ သဝဏ်လွှာပေးပို့

တူရကီနိုင်ငံ၌ နှစ်သစ်ကူးညက အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးဝန်ထမ်းများအားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပြီးခဲ့သော နှစ်သစ်ကူးညက တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ နိုက်ကလပ်တစ်ခုတွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ် မှုကြောင့် အနည်းဆုံးလူ ၃၉ ဦးထက်မနည်း သေဆုံးခဲ့ရခြင်း အပေါ် ဝမ်းနည်ကြေကွဲကြောင်း တူရကီနိုင်ငံသမ္မတ Recep Tayyip Erdogan ထံ ဇန်နဝါရီလ ၂ ရက်က သဝဏ်လွှာတစ်စောင်ပေးပို့ခဲ့သည်။

အဆိုပါ ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် တရုတ်နိုင်ငံသမ္မတရှီက အကြမ်းဖက်မှုအတွင်းသေဆုံးသွားကြသူများ၊ထိခိုက်ဒဏ်ရာရသူများ၏မိသားစုဝင်များ နှင့် တူရကီနိုင်ငံသမ္မတတို့အတွက် အထူးစာနာထောက်ထားမိပါကြောင်း ဖော်ပြပါရှိသည်။

တရုတ်နိုင်ငံအနေဖြင့် အကြမ်းဖက်မှုကို ပြင်းထန်စွာရှုတ်ချကြောင်း နှင့် အကြမ်ဖက်ဝါဒအားလုံးကို လက်မခံနိုင်ကြောင်း ၊ ထို့ပြင် တရုတ်နိုင်ငံသည် တူရကီနိုင်ငံနှင့်ရော နိုင်ငံတကာအသိုင်းအဝိုင်းနှင့်ပါ လက်တွဲ၍ အကြမ်းဖက်ခြိမ်းခြောက်မှု အန္တရာယ်ကို ပူးပေါင်း တိုက်ဖျက်သွားရန် အသင့်ရှိပါကြောင်း သမ္မတရှီက ဆိုသည်။

ပြီးခဲ့သော ဇန်နဝါရီလ ၁ ရက် နံနက်အစောပိုင်းက တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ နိုက်ကလပ်တစ်ခုတွင် နှစ်သစ်ကူးပွဲတော် ဆင်နွှဲရန် လူပေါင်း ရာကျော် စုဝေးရောက်ရှိနေချိန်တွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၃၉ ဦးသေဆုံးပြီး ၆ဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့သည်။

အဆိုပါ သေနတ်သမားမှာ ထွက်ပြေးလွတ်မြောက်လျက်ရှိပြီး၊ တိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့က ထုတ်ဖော်ကြေညာထားသည်ဟု တူရကီ ပြည်တွင်းသတင်းဌာနက သတင်းဖော်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.