Connect with us

Local

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ဆွာလောင်းကျေးရွာတွင် ပြည်တွင်း ၊ ပြည်ပ ဧည့်သည်များ လက်ခံရန် ရပ်ရွာ လူထု အခြေပြု ခရီးသွား လုပ်ငန်း ဖွင့်လှစ်

ချင်းတိုင်းရင်းသားများ၏ ရိုးရာ အကများဖြင့် ကပြနေမှုအား တွေ့ ရစဉ်(ဓာတ်ပုံ-Ministry of Hotels & Tourism)

ရန်ကုန် ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်ရှိ ဆွာလောင်းကျေးရွာတွင် ပြည်တွင်း၊ပြည်ပ ဧည့်သည်များ လက်ခံရန် ရပ်ရွာ လူထု အခြေပြု ခရီးသွား လုပ်ငန်း ဖွင့်လှစ်လိုက်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ခဲ့သည်။

ချင်းပြည်နယ်တွင် ပထမဦးဆုံး ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း ဖွင့်လှစ်သော ဆွာလောင်း ကျေးရွာသို့ လာရောက် လည်ပတ်ကြမည့် ဧည့်သည်များသည် ဒေသထွက် သစ်၊ ဝါး၊ ဓနိများဖြင့် ဆောက်လုပ် ထားသည့် ၂ ယောက်အိပ် တဲအိမ် ၆ လုံးတွင် ဧည့်သည် ၁၂ ဦး တည်းခိုနိုင်ကြောင်း ၊ ကန်ပက်လက်မြို့နယ် သို့လာရောက် လည်ပတ်ကြသော ကမ္ဘာလှည့်ခရီးသည်များ၊ ပြည်တွင်းဧည့်သည်များသည် တောင်ဇလပ်ပန်းများ၊ ပွင့်လန်းရာ၊ အောက်ချင်းငှက်တို့ မွေ့ပျော်ရာ၊ ငှက်မျိုးစိတ်၊ တွားသွားသတ္တဝါမျိုးစိတ်၊ နို့တိုက်သတ္တဝါ၊ လိပ်ပြာ၊ အခွံမာပိုးကောင်၊ အပင်မျိုးစိတ်၊ ရေညှိမျိုးစိတ်၊ သစ်ခွမျိုးစိတ် များစွာတို့တည်ရှိရာ ပင်လယ် ရေမျက်နှာပြင် အထက် (၁၀၀၁၆)ပေမြင့်သည့် ခေါနုစုမ်တောင်ကြောတစ်လျောက်ကို လေ့လာနိုင်သည့်အပြင် ချင်းတိုင်းရင်းသားတို့၏ ဓလေ့ ရိုးရာ အစဉ်အလာများကိုလည်း ဆွာလောင်းကျေးရွာတွင် လေ့လာနိုင်ကြောင်း သိရသည်။

ကျေးလက်နေပြည်သူလူထုအား တိုက်ရိုက် အကျိုးဖြစ် ထွန်းစေပြီး လူမှုစီးပွားဘဝတိုးတက်ကာ ဆင်းရဲ နွမ်းပါးမှု လျော့ကျစေသည့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း ကို တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် သက်ဆိုင်ရာ အစိုးရအဖွဲ့များ၊ အသင်းအဖွဲ့များ၊ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရပ်ရွာ လူထုအခြေပြုခရီးသွားလုပ်ငန်းများအား မကွေး တိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ စလေကျေးရွာအုပ်စု မကျီးကန်ကျေးရွာတွင်လည်းကောင်း၊ ယခု ချင်းပြည်နယ် တွင် ကန်ပက်လက်မြိုနယ်ရှိ ဆွာလောင်း ကျေးရွာတွင် လည်းကောင်း ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပြီး ထပ်မံ၍ တိုးခဲျ့ ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.