Connect with us

Local

ရန်ကုန်မြို့တွင်း၌ ဘတ်စ်ကားလိုင်း အသစ်များဖြင့် ဇန်နဝါရီ ၁၆ ရက်မှ စတင် ပြောင်းလဲ ပြေးဆွဲတော့မည်

ရန်ကုန် မြို့ တွင်း လက်ရှိ ပြေးဆွဲနေသည့် ဘတ်စ်ကား ယာဉ်လိုင်းများအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့အတွင်း၌ လက်ရှိပြေးဆွဲနေသည့် ဘတ်စ်ကားလိုင်း ၃၀၀ ကျော်ကို ဖျက်သိမ်းကာ ဇန်နဝါရီ ၁၆ ရက်မှစတင်ပြီး ယာဉ်လိုင်း အသစ် ၅၈ လိုင်းဖြင့် ပြောင်းလဲ ပြေးဆွဲ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။

ယာဉ်ကြော ကျပ်တည်းမှု လျှော့ချနိုင်ရေး နှင့် ဘတ်စ်ကားလိုင်းများ စနစ်တကျဖြစ်စေရန် လုပ်ဆောင်ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် အစိုးရ ကိုယ်တိုင် ပါဝင်သည့် အများပိုင် ဘတ်စ်ကားလိုင်းအဖြစ် ပြောင်းလဲသွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၌ ပြုလုပ်သော အများပြည်သူ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်သည့် သတင်းစာရှင်း လင်းပွဲမှ သိရသည်။

လက်ရှိပြေးဆွဲလျက် ရှိသည့် ယာဉ်လိုင်းပေါင်း ၃ဝဝ ကျော်ကို ထိန်းချုပ်လျက်ရှိသည့် မော်တော် ယာဉ်လိုင်းပေါင်းစုံ ထိန်း သိမ်းရေးကော်မတီ ( မ.ထ.သ )ကို ဇန်နဝါရီ ၁၆ ရက်တွင် ဖျက်သိမ်းမည်ဖြစ်ကြောင်း၊ စတင်ပြေးဆွဲမည့် ဘတ်စ်ကားလိုင်း ၅၈ လိုင်းကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ကကြီးကြပ် သွားမည့်အပြင် ယင်း ဘတ်စ်ကားပြေးဆွဲမှုနှင့် ပတ်သက်၍ သုံးလတစ်ကြိမ် ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယာဉ်လိုင်း အသစ်များ ပြေးဆွဲရာတွင် ခရီးစဉ်အပိုင်းအလိုက် ကျပ် ၁ဝဝ၊ ၂ဝဝ၊ ၃ဝဝ သတ်မှတ်ကောက်ခံ သွားမည် ဖြစ်ပြီး စတင် ပြေးဆွဲရာတွင် ပြည်သူများ အဆင်ပြေစေရန် ကားမှတ်တိုင်များတွင် အသိပညာပေး ဆိုင်းဘုတ်များ ကပ်ထားမည့် အပြင် ကူညီပေး မည့်သူများလည်း ထားရှိမည် ဖြစ်ကြောင်း သိရသည်။

ယခုအခါတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင် အဖွဲ့ထံသို့ ဘတ်စ်ကား ပြေးဆွဲရန် လာရောက် လျှောက်ထားသည့် ကုမ္ပဏီ ၂ဝ ရှိကြောင်း ၊ အများပြည်သူ သယ်ယူ ပို့ဆောင်ရေး ယာဉ်လိုင်းများ စနစ်တွင် ပါဝင် ဆောင်ရွက်မည့် ပုဂ္ဂလိကလိုင်းကား ပိုင်ရှင်များသည် ဆက်သွယ် ပါဝင်ထားသည့် ကုမ္ပဏီ မရှိသေးပါက ဇန်နဝါရီ ၇ ရက်မှ ၁၀ ရက် အထိ စာရင်းပေးသွင်း မှတ်ပုံတင်နိုင်ကြောင်း ၊ ၂ဝ၁၇ ခုနှစ်အကုန် တွင် ယာဉ်လိုင်းများကို တိုင်းဒေသကြီး အစိုးရ ကိုယ်တိုင် ရှယ်ယာ ထည့်ဝင်၍ အများပိုင် ဘတ်စ်ကား လိုင်းများအဖြစ် ပြောင်းလဲ သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေ ၆ သန်းကျော် နေထိုင်လျက်ရှိပြီး လူဦးရေ သိန်း ၂ဝ ကျော်သည် လိုင်းကားများကို နေ့စဉ် အသုံးပြုလျက် ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117