Latin America
ဟေတီ၌ အဝေးပြေးလမ်းပေါ်ယာဉ်မတော်တဆဖြစ်ပွားရာ လူပေါင်း ၂ဝ ဦးသေဆုံး
မက္ကဆီကိုစီးတီး ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ)
ဟေတီ(Haiti) နိုင်ငံမြောက်ပိုင်း တောင်ထူထပ်သောဒေသအတွင်း အဝေးပြေးလမ်းမပေါ်တွင် ဇန်နဝါရီလ ၈ ရက်က ခရီးသည်တင် ဘတ်စ်ကားတစ်စင်း တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူပေါင်း ၂ဝ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်မတော်တဆမှုသည် မြောက်ပိုင်း Aribonite ပြည်နယ်ရှိ Monte Lacreteမြို့၌ ဇန်နဝါရီလ ၈ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဟေတီ အမျိုးသား အရေးပေါ်ကယ်ဆယ်ရေးဌာန၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်း မီဒီယာများက ရေးသားဖော်ပြကြသည်။(Xinhua)