Connect with us

Latin America

ထရမ့် သမ္မတ တာဝန်မထမ်းဆောင်ခင် အမေရိကန်သမ္မတ ၄၄ဦး၏ ဖယောင်းရုပ်တုများအား လေလံတင်ရောင်းချမည်

သမ္မတများ နှင့် သမ္မတကတော်များ ပြတိုက်ခန်းမ အားတွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇန်နဝါရီ ၄ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ၄၄ဦး နှင့် သမ္မတကတော်များ၏ ဖယောင်းရုပ်တုများအား ရာစုနှစ်ဝက်နီးပါး ထိန်းသိမ်းပြသ ထားသည့် ပြတိုက်တစ်ခုသည် လာရောက်ကြည့်ရှုသူဦးရေ ကျဆင်းလာသောကြောင့် ပြတိုက်အား ပိတ်တော့မည်ဖြစ်၍ ဖယောင်းရုပ်တုများအား ဇန်နဝါရီလလယ်တွင် လေလံတင်ရောင်းချတော့မည်ဖြစ်ကြောင်း သိရသည်။

ဝင်ခွင့်လက်မှတ်မှရရှိသည့် ငွေကြေးသည် အခွန်ဆောင်ခြင်း နှင့် ဝန်ထမ်းလခများအတွက် လုံလောက်မှု မရှိသောကြောင့် ပြတိုက်အား ၂၀၁၆ခုနှစ် နိုဝင်ဘာလတွင်ပိတ်ခဲ့ရကြောင်း Pennsylvania ပြည်နယ်၊ Gettysburgမြို့ရှိ သမ္မတများ နှင့် သမ္မတကတော်များ ပြတိုက်ခန်းမ ပိုင်ရှင် Max Felty က ဆင်ဟွာသို့ ဖုန်းဖြင့်ဖြေကြားခဲ့သည်။

ပြတိုက်တွင်ပြသထားသည့် အမေရိကန်သမ္မတ နှင့် သမ္မတကတော်များ၏ ဖယောင်းရုပ်တုများအားတွေ့ရစဉ် (ဆင်ဟွာ)

ပြတိုက်တွင်ပြသထားသည့် အမေရိကန်သမ္မတ နှင့် သမ္မတကတော်များ၏ ဖယောင်းရုပ်တုများအားတွေ့ရစဉ် (ဆင်ဟွာ)

ပြတိုက်တွင်ပြသထားသည့် အမေရိကန်သမ္မတ နှင့် သမ္မတကတော်များ၏ ဖယောင်းရုပ်တုများအားတွေ့ရစဉ် (ဆင်ဟွာ)

Felty က ပြတိုက်ပိတ်ပစ်ရန်ဆုံးဖြတ်ချက်အား နှစ်ပေါင်းများစွာ စဉ်းစားသုံးသပ်ပြီးမှ ချခဲ့ခြင်းဖြစ်ကြောင်း နှင့် ၂၀၁၆ခုနှစ် သမ္မတရွေးကောက်ပွဲ က ပြတိုက်အပေါ်လူထု၏စိတ်ဝင်စားမှုကို တိုးတက်လာစေမည်ဟု တွေးထင်ခဲ့သော်လည်း လက်တွေ့တွင် ဖြစ်မလာခဲ့ကြောင်း ပြောကြားခဲ့သည်။

အမေရိကန်သမ္မတသစ်အဖြစ် ဒေါ်နယ်ထရမ့် ကျမ်းသစ္စာမကျိန်ဆိုမီ ၆ရက်အလို ဇန်နဝါရီ ၁၄ရက်တွင် Gettysburgမြို့ရှိ ၁၈၆၃ Inn ၌ ဖယောင်းရုပ်ထုများနှင့် ပြတိုက်ပိုင်အခြားပစ္စည်းများအား လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

Gettysburgမြို့ Baltimore လမ်းပေါ်ရှိ အဆိုပါ ပြတိုက်အား ၁၉၅၇ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်သမ္မတများ နှင့် သမ္မတကတော်များ ၏ ဖယောင်းရုပ်တုများအား အပြည့်စုံဆုံး စုဆောင်းထားသည့် ကမ္ဘာ့ပထမဆုံးပြတိုက် ဖြစ်ကြောင်း သိရသည်။

အမေရိကန်သမ္မတ ဂျော့ရှ်ဝါရှင်တန် မှစ၍ အမေရိကန်သမ္မတများ၏ တကယ့်အရွယ်အစားအတိုင်း ပြုလုပ်ထားသည့် ဖယောင်းရုပ်တုများကို သမ္မတသက်တမ်းများအတိုင်း အစဉ်လိုက် အသေးစိတ်ပြသထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.