Politics, Law & Military
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ကမ္ဘာ့ကျန်းမားရေး အဖွဲ့ချုပ် ညွှန်ကြားရေးမှူးချုပ် Margaret Chan တို့တွေ့ဆုံဆွေးနွေး
ဂျီနီဗာ ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကျန်းမားရေး အဖွဲ့ချုပ် (WHO) ရုံးချုပ်သို့ သွားရောက် လည်ပတ်ခဲ့ပြီး WHO ညွှန်ကြားရေးမှူးချုပ် Margaret Chan နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
တွေ့ဆုံဆွေးနွေးမှု တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များသည် ကမ္ဘာလုံးဆိုင်ရာ ရင်ဆိုင်နေရသော စိန်ခေါ်မှု တစ်ရပ်ဖြစ်ကြောင်း ၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး လုပ်ငန်းများကို တွန်းအားပေး ဆောင်ရွက်ခြင်းသည် ၂၀၃၀ ခုနှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ် ၏ အရေးပါသည့် အစိတ်အပိုင်း တစ်ခု ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့်လည်း ဘက်စုံကျန်းမာရေး တည်ဆောက်မှု ပိုင်းတွင် အလေးထား ဆောင်ရွက်နေပြီး ကမ္ဘာ့ပေါ်ရှိ အကြီးမားဆုံးသော အခြေခံ ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု စနစ်ကို တည်ဆောက်ထားကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် “၂၀၃၀ပြည့်နှစ်ကျန်းမာသည့် တရုတ်နိုင်ငံ” အစီအစဉ် ကို ရေးဆွဲသတ်မှတ်ခဲ့ပြီး WHO အနေဖြင့် ယင်း အစီအစဉ် နှင့် ပတ်သက်၍ ပိုမို ကူညီဆောင်ရွက်သွားစေလိုကြောင်း ပြောကြား ခဲ့သည်။
တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် ညွှန်ကြားရေးမှူးချုပ် Margaret Chan တွေ့ဆုံဆွေးနွေးနေစဉ်(ဆင်ဟွာ)
ထို့ပြင် သမ္မတ ရှီကျင့်ဖိန် က WHO သည် ကျန်းမာရေး ကဏ္ဍတွင် အရေးပါဆုံးသော ကုလသမဂ္ဂ အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ကိစ္စရပ်များတွင် ဦးဆောင်ညွှန်ကြားသည့် အခန်းကဏ္ဍတွင် ပါဝင်နေကြောင်း ၊ တရုတ် နိုင်ငံ ၏ ကျန်းမာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု တွင်လည်း အရေးပါသည့် ကူညီဆောင်ရွက်မှုများကို ပေးခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် WHO အား တရုတ် နိုင်ငံ မှ ဖော်ဆောင်သည့် ခေတ်သစ်ပိုးလမ်းမကြီး (One Belt One Road) တွင် ပါဝင်စေလိုပြီး အတူတကွ “ကျန်းမာသည့် ပိုးလမ်းမကြီး”ကို တည်ဆောက်သွားလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် WHO နှင့်အတူတကွ ၂၀၃၀ ခုနှစ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ် ဖော်ဆောင်ရာတွင် ဖွံ့ဖြိုးဆဲ နိုင်ငံများအပေါ် ကူညီဆောင်ရွက်မှု များပိုမို လုပ်ဆောင်ပြီး လူသားမျိုးနွယ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောင်ရာတွင် အတူတကွ ကြိုးပမ်း အားထုတ် သွားလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် WHO မှ တရုတ် တစ်နိုင်ငံတည်း မူဝါဒ (One China Policy) ကို ထောက်ခံသည့် အပေါ် ချီးမွမ်းပြီး WHO အနေဖြင့် ဆက်လက်၍ ဤအရေးကြီးသည့် နိုင်ငံရေး နိယာမ ကို လက်ခံကာ ခိုင်မြဲစွာရပ်တည်သွားမည်ဟု ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။
Margaret Chan က တရုတ် နိုင်ငံ သည် WHO စတင်တည်ထောင်ရာ အဖွဲ့ဝင် နိုင်ငံ ဖြစ်ပြီး ကာလတစ်လျှောက် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး လုပ်ငန်း နှင့် WHO ၏ လုပ်ငန်းဆောင်ရွက်မှု များတွင် အရေးပါသည့် ဆောင်ရွက်မှုများဖြင့် ကူညီခဲ့ကြောင်း ၊ WHO သည် တရုတ် တစ်နိုင်ငံတည်းမူဝါဒ ကို အမြဲ ထောက်ခံခဲ့ပြီး တရုတ် နိုင်ငံ ၏ နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေး အစီအစဉ် များကို လည်း ချီးမွမ်းဂုဏ်ပြုကြောင်း ၊ WHO အနေဖြင့် တရုတ် နိုင်ငံ ၏ ကျန်းမာရေး ကဏ္ဍအား နက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေခြင်း အပေါ် ထောက်ခံသွားမည် ဖြစ်ကြောင်း ၊ WHO အနေဖြင့် တရုတ် နိုင်ငံ မှ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး လုံခြုံမှု နှင့် ကျန်းမာရေး ဆိုင်ရာ စီမံဆောင်ရွက်မှု အပေါ် ဦးဆောင်နိုင်မှု အား ချီးကျူဂုဏ်ပြုကြောင်း ၊ တရုတ် နိုင်ငံ နှင့် အတူတကွ ခေတ်သစ်ပိုးလမ်းမကြီး မူဘောင်အောက်တွင် ခေတ်သစ်ပိုးလမ်းမကြီး လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံများ၏ ကျန်းမာရေး အဆင့်အတန်း ကို မြှင့်တင်ပေး သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
တွေ့ဆုံဆွေးနွေးမှု အပြီးတွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် WHO ညွှန်ကြားရေးမှူးချုပ် Margaret Chan တို့သည် “တရုတ် ပြည်သူ့သမ္မတ နိုင်ငံ နှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် တို့၏ ခေတ်သစ်ပိုးလမ်းမကြီး ဆိုင်ရာ ကျန်းမာရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ ” နှင့် အခြား သဘောတူညီမှုများ လက်မှတ်ရေးထိုးခြင်း အခမ်းအနား ကို အတူတကွတက်ရောက်ခဲ့ကြသည်။(Xinhua)