Politics, Law & Military
မြန်မာ-နယ်သာလန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေး
နေပြည်တော်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)
မြန်မာ-နယ်သာလန် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် နယ်သာလန်နိုင်ငံ သံအမတ်ကြီး H.E.Mr.Wouter Robert Marie Jurgensတို့ ယနေ့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး H.E.Mr.Wouter Robert Marie Jurgens တို့သည် ယနေ့ ဇန်နဝါရီ ၂၃ ရက်နေ့ မွန်းလွဲ(၂)နာရီတွင် နေပြည်တော် ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးရာ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။(Xinhua)