Connect with us

Politics, Law & Military

ကြားဖြတ်ရွေးကောက်ပွဲ၌ ကော်မရှင်အဖွဲ့ခွဲများ၏ စွမ်းဆောင်ရည် အမြင့်ဆုံးဖြစ်စေရန်ရည်ရွယ်ပြီး သင်တန်း ဖွင့်လှစ်


နေပြည်တော်၊ ဇန်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် ဧပြီ (၁)ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်၏ စွမ်းဆောင်ရည် အမြင့်ဆုံး ဖြစ်စေရန် ရည်ရွယ်ပြီး ကြားဖြတ် ရွေးကောက်ပွဲဆိုင်ရာ မွမ်းမံသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ ( ဇန်နဝါရီလ ၂၃ ရက်) တွင် ပြောကြားလိုက်သည်။

“ကော်မရှင်ရဲ့ တာဝန်များထဲက တစ်ခုက ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်ရဲ့ ကျွမ်းကျင်မှုများ ပိုမို မြင့်တက် စေရန်နဲ့ မှန်ကန်တဲ့ သတင်း အချက်အလက်များ အမြဲရရှိနေစေရန်လည်း ပါဝင်ပါတယ်၊ ဒါကြောင့် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရာမှာ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်ရဲ့ စွမ်းဆောင်ရည် အမြင့်ဆုံး ဖြစ်စေရန် ရည်ရွယ်ပြီး ဒီသင်တန်းကို ကျင်းပရတာဖြစ်ပါတယ်” ဟု နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ရုံးတွင် ယနေ ့နံနက်တွင် ဖွင့်လှစ်ခဲ့သည့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ မွမ်းမံ သင်တန်းဖွင့်ပွဲ၌ ၎င်းက ပြောကြားခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ မွမ်းမံ သင်တန်း၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အဖွင့်အမှာစကား ပြောကြားနေစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ မွမ်းမံ သင်တန်းသို့တက်ရောက်လာကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ယခုသင်တန်းသည် ဆရာဖြစ်သင်တန်း ဖြစ်ပြီး ဆင့်ပွားသင်တန်းများကို ဖေဖော်ဝါရီလ ဒုတိယ အပတ်မှ စတင်ကာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် ရပ်ကွက် ကျေးရွာ ကော်မရှင် အဖွဲ့ခွဲများအား ဆက်လက် ပို့ချသင်ကြားပေးသွားမည်ဖြစ်သည်။ အဆိုပါ ဆင့်ပွားသင်တန်းများအတွက် လိုအပ်သော အချက်အလက်များကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်းနှင့် ယခုသင်တန်း၏ စီမံချက်များကို ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်ပေါင်း ၁၅၀၀ ကျော်အထိ ပြန့်နှံ့ ရောက်ရှိစေရန် ရည်ရွယ်ထားကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။

ထို့အပြင် ၎င်းက “လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူ မြန်မာနိုင်ငံသား နှစ်သန်း ကျော်က လွှတ်တော် ကိုယ်စားလှယ်လောင်း ၉၅ ဦးအနက် ၁၉ ဦးကို ဆန္ဒပြု ရွေးချယ်ကြမှာ ဖြစ်ပါတယ်။ ပွင့်လင်းမြင်သာ ရှိမှု၊ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ အများ ယုံကြည် လက်ခံမှု စတဲ့ ရွေးကောက်ပွဲ ဆိုင်ရာ စံချိန် စံညွှန်းများနဲ့အညီ ကျင်းပသွားပါမယ်၊ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ထက် ပိုမို ကောင်းမွန် ပြည့်စုံတဲ့ ရွေးကောက်ပွဲ ဖြစ်စေရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ကြိုးပမ်း ဆောင်ရွက်သွားပါမယ်” ဟူ၍လည်း ကော်မရှင် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.