Videos
အီသီယိုးပီးယားနိုင်ငံ မြို့တော်တွင် တရုတ်နိုင်ငံမှဆောက်လုပ်ထားသည့်အထင်ကရအဆောက်အဦဖွင့်လှစ်
အဒစ်စ်အဘာဘာ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)
အီသီယိုးပီးယားနိုင်ငံ ၏ မြို့တော် အဒစ်စ်အဘာဘာမြို့ အချက်အချာနေရာတွင်တည်ရှိသည့် နိုင်ငံ၏ အကြီးဆုံး အများပိုင်စီးပွားရေးဘဏ် (CBE) အဆောက်အဦဖြစ်သည့် ၂၀၉.၁၅ မီတာအမြင့်ရှိသော အထင်ကရအဆောက်အဦအား ဖေဖော်ဝါရီ ၁၃ ရက်က ဖွင့်လှစ်ခဲ့သည်။
အဆိုပါ အများပိုင်စီးပွားရေးဘဏ် ၏ ရုံးချုပ်အသစ်ကြီးကို တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးလုပ်ငန်းစုကြီးတစ်ခုဖြစ်သည့် China State Construction Engineering Corporation (CSCEC) မှ ဆောက်လုပ်ထားခြင်းဖြစ်သည်။
အဆောက်အဦဖွင့်လှစ်သည့်အခမ်းအနားသည် CBE ထူထောင်သည့် နှစ်ပေါင်း ၈၀ ပြည့်မြောက်သည့်အခါသမယနှင့်တိုက်ဆိုင်နေခဲ့ပြီး အခမ်းအနားသို့ အီသီယိုးပီးယားနိုင်ငံ အစိုးရအဆင့်မြင့်အရာရှိများ၊ အီသီယိုးပီးယားနိုင်ငံရှိ တရုတ်နိုင်ငံဆိုင်ရာသံတမန်များနှင့် CBE ဘဏ်နှင့် CSCEC ဆောက်လုပ်ရေးလုပ်ငန်းမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြသည်။
အဆောက်အဦဖွင့်ပွဲ၌ အီသီယိုးပီးယားနိုင်ငံ ဝန်ကြီးချုပ် Abiy Ahmed က “ မိမိအနေနဲ့ ဒီသမိုင်းဝင်ဘဏ်ကြီး ထူထောင်တဲ့ နှစ်ပေါင်း ၈၀ အထိမ်းအမှတ်အဖြစ် ယခုလို လှပသည့်အဆောက်အဦကိုဖွင့်လှစ်နိုင်ဖို့ ဒီနေရာကိုစုစည်းရောက်လာနိုင်တဲ့အပေါ်အလွန်ဝမ်းမြောက်မိပါတယ်” ဟုဆိုသည်။
CBE အနေဖြင့် အီသီယိုးပီးယားနိုင်ငံ၏ ကာလရှည် ကြိုးပမ်းအားထုတ်ခဲ့မှုများနှင့် ခေတ်မီအဖွဲ့အစည်းများကို ထူထောင်ပြီး တည်တံ့စေမည့် ရည်မှန်းချက်များကို ထင်ဟပ်စေကြောင်းနှင့် အီသီယိုးပီးယားနိုင်ငံ၏ ဘဏ်စနစ် ကို ခေတ်နှင့်အညီလုပ်ဆောင်ရန်လိုအပ်ကြောင်းအလေးထားမှာကြားခဲ့သည်။
၅ ထပ်အဆောက်အဦနှစ်ခု နှင့် ပင်မ တာဝါတစ်ခုပါဝင်သော အဆောက်အဦတည်ဆောက်ရေးစီမံကိန်းအား အီသီယိုးပီးယားနိုင်ငံ မှ ကျွမ်းကျင်ပညာရှင်များအကြား ကျယ်ပြန့်စွာ ချီးကျူးခံခဲ့ရသည်။ ၎င်းအဆောက်အဦကို အာဖရိကတိုက်အရှေ့ပိုင်းတွင် အမြင့်ဆုံးအဆောက်အဦးအဖြစ်သတ်မှတ်ခြင်းခဲ့ကြောင်း သိရသည်။
ယခုစီမံကိန်းသည် အီသီယိုးပီးယား အင်ဂျင်နီယာကျောင်းသားများ နှင့် အီသီယိုးပီးယားနိုင်ငံရှိ ဆောက်လုပ်ရေးကုမ္ပဏီများအတွက် နောက်ဆုံးပေါ်နည်းပညာများကို လေ့လာနိုင်သည့် နည်းလမ်းများလည်းဖြစ်ကြောင်း CBE ဥက္ကဌဖြစ်သူ Abie Sano က ဆိုသည်။
အဆောက်အဦအား အဒစ်အဘာဘာ နည်းပညာတက္ကသိုလ်၏ ကြီးကြပ်မှုအောက်တွင် လွန်စွာခေတ်မီပြီး နောက်ဆုံးပေါ်နည်းပညာများကိုအသုံးပြုကာ တည်ဆောက်ထားခြင်းဖြစ်ပြီး “တည်ဆောက်ရေးလုပ်ငန်းတစ်လျှောက်လုံးတွင် အရေးအကြီးဆုံးနည်းပညာများကိုမြင်တွေ့ခဲ့ရသည့်အပြင် အတွေ့အကြုံများမျှဝေနိုင်ခဲ့ကြောင်း” ၎င်းက ဆိုသည်။
“ဒီခေတ်မီမိုးမျှော်တိုက်ကြီးဟာ မိမိတို့မျိုးဆက်ကို အကျိုးပြုနိုင်မှာဖြစ်ပြီး ဘဏ်လုပ်ငန်းကဏ္ဍမှာ အဆင့်မြင့်ဖွံ့ဖြိုးတိုးတက်မှုတွေ ထွက်ပေါ်လာစေမှာဖြစ်တဲ့အပြင် မိမိတို့ရဲ့ အနာဂတ် ရည်မှန်းချက်တွေကိုပါဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်” ဟု Sano က ဆိုသည်။
“ဒီစီမံကိန်းရဲ့ ကနဦးအဆင့်ကတည်းက လေ့လာခွင့်ရလို့ အဖိုးမဖြတ်နိုင်ငံတဲ့အတွေ့အကြုံတွေရတဲ့အတွက် ကျွန်တော်သိပ်ကံကောင်းခဲ့ပါတယ်” ဟု စီမံကိန်းဆောက်လုပ်ရေးလုပ်ငန်းတွင် ပါဝင်ခဲ့သည့်အီသီယိုးပီးယား နိုင်ငံသား လူငယ် မြို့ပြအင်ဂျင်နီယာတစ်ဦးဖြစ်သူ Belay Bitew ကဆိုသည်။
ဆောက်လုပ်ရေးတွင် အသုံးပြုခဲ့သည့် ကိရိယာများနှင့် နည်းပညာများသည် နိုင်ငံတကာအဆင့်မီ နည်းစနစ်များဖြစ်ပြီး “တရုတ်နိုင်ငံမှလုပ်ဖော်ကိုင်ဘက်များနှင့်အတူ လေ့လာသင်ယူခွင့်ရရှိခြင်းက နောက်ထပ် သမိုင်းမှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်” ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။
………………………
(English Version)
GLOBALink | Ethiopia inaugurates Chinese-built landmark building in capital
ADDIS ABABA, Feb. 14 (Xinhua) — Ethiopia on Sunday inaugurated a 209.15-meter-tall landmark building located at the heart of its capital city, which houses the country’s largest public-owned commercial bank.
The new headquarters of the Commercial Bank of Ethiopia (CBE) was built by the Chinese construction giant China State Construction Engineering Corporation (CSCEC).
The inauguration event coincided with the CBE’s 80th anniversary and was attended by senior Ethiopian government officials, Chinese diplomats in Ethiopia, and representatives of the CBE and the CSCEC.
Calling the inauguration a milestone, Ethiopian Prime Minister Abiy Ahmed said at the event, “I am very happy as we gather here today to inaugurate this beautiful building while also marking the 80th anniversary of this historic bank.”
Ahmed said the CBE reflects Ethiopia’s years-long dedication to and aspiration for establishing and sustaining modern institutions, stressing the need to modernize the banking sector in the East African country.
The building project, which involves the construction of two five-story podiums and the main tower, has won wide acclaim among Ethiopian experts. It is regarded as the tallest building in East Africa.
CBE President Abie Sano said the project has served as a means for Ethiopian engineering students and construction companies to learn state-of-the-art technologies.
He said the building, which has applied very modern and latest technologies with supervision from the Addis Ababa University Institute of Technology, “witnessed crucial technology and experience-sharing endeavor over the course of its construction.”
“This very modern skyscraper will serve our generation and beyond in a view to address emerging advancements in the banking sector as well as future expectations,” Sano said.
“I was very lucky to have this invaluable learning experience since the project’s early construction stage,” said Belay Bitew, a young Ethiopian civil engineer involved in overseeing the project construction.
Noting that the construction materials and technologies used in the construction process meet international standards, he added, “The learning endeavor during our stay with our Chinese colleagues has been another milestone.”
Produced by Xinhua Global Service