Connect with us

Africa & Middle East

လစ်ဗျားရှိ Sirte မြို့တွင် ရုပ်အလောင်း ၇၀ကျော်အား လခြမ်းနီအသင်း ကောက်ယူ ရှင်းလင်းမှုများ ပြုလုပ်

လစ်ဗျားနိုင်ငံ လခြမ်းနီအသင်း အဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ထရီပိုလီ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ လခြမ်းနီအသင်း တာဝန်ရှိသူ တစ်ဦးက Sirteမြို့၌ လွန်ခဲ့သည့် ၁၀ရက်အတွင်း ရုပ်အလောင်း ၇၀ကျော် ကောက်ယူနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

မီဆရာတာမြို့ ရှိ လခြမ်းနီအသင်း ၏ ပဋိပက္ခစီမံခန့်ခွဲမှုကော်မတီ အကြီးအကဲ Saleh Bozreba က ကောက်ယူ သိမ်းဆည်းခဲ့သည့် ရုပ်အလောင်း ၆၅လောင်းမှာ Sirteမြို့ တောင်ပိုင်းတွင် ဇန်နဝါရီ ၁၉ ရက်နေ့က အမေရိကန်တို့၏ လေကြောင်းတိုက်စစ်ဆင်မှုကြောင့် သေဆုံးသွားသော IS စစ်သွေးကြွများဖြစ်ကြောင်း ပြောကြားခဲ့သည်။

Bozreba က လခြမ်းနီအသင်းလုပ်အားပေးများသည် Sirteမြို့တွင်ကျန်ရှိနေသည့် ရုပ်အလောင်းများကို ပြန်လည်ကောက်ယူရန် လုပ်ဆောင်နေကြပြီး အသင်းအား ကူညီရန် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများကို အကူအညီတောင်းခံထားကြောင်း ပြောကြားခဲ့သည်။

Sirteမြို့သည် မြို့တော် ထရီပိုလီမြို့ အရှေ့ဘက် ၄၅၀ကီလိုမီတာ အကွာခန့်တွင် တည်ရှိပြီး ကုလသမဂ္ဂကထောက်ခံပေးထားသည့် အစိုးရ ကို သစ္စာပြုထားသော တပ်ဖွဲ့များက မြို့အား ၇လကြာတိုက်ပွဲဆင်နွှဲပြီး ပြန်လည်ထိန်းချုပ်မှု မပြုလုပ်ခင် Sirteမြို့သည် IS စစ်သွေးကြွတို့၏ တစ်နှစ်ကျော်ကြာ ခြေကုပ်ယူရာ နေရာတစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။

နှစ်ဖက်တိုက်ပွဲများကြောင့် အစိုးရတပ်သား ရာနှင့်ချီ၍ သေဆုံး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)