Connect with us

Africa & Middle East

အာဖဂန်တောင်ပိုင်းတွင် အသေခံဗုံးပေါက်ကွဲမှုကြောင့် ၈ဦးသေ၊ ၂၀ ဦး ဒဏ်ရာရရှိ

အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် Helmand ပြည်နယ်အတွင်း တစ်နေရာမှ မီးခိုးများ လွင့်တက်လာသည်ကို တွေ့မြင်ရစဉ် (ဆင်ဟွာ)

အာဖဂန်နစ္စတန်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ Lashkerမြို့ ရှိ ဘဏ်တစ်ခု အနီး တွင် ဖေဖော်ဝါရီ ၁၁ ရက်က အသေခံဗုံးခွဲသမား တစ်ဦး ဖောက်ခွဲမှုပြုလုပ်ခဲ့ရာ လူ ၈ဦးထက်မနည်း သေဆုံးပြီး အခြားလူ ၂၀ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Omar Zawak ကပြောကြားခဲ့သည်။

Zawak က “ကိုယ်ပေါ်မှာ ဖောက်ခွဲရေးပစ္စည်းတွေတပ်ဆင်ထားတဲ့ အကြမ်းဖက်သမားတစ်ယောက်ဟာ လစာထုတ်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေ စုဝေးနေတဲ့ ပြည်တွင်းဘဏ်တစ်ခုဘေးမှာ ဖောက်ခွဲမှုပြုလုပ်ခဲ့တဲ့အတွက် အသေခံဗုံးခွဲသမား အပါအဝင် လူ ၇ယောက် သေဆုံးခဲ့ပြီး အခြားလူ အယောက် ၂၀ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်” ဟု သတင်းထောက်များအားပြောကြားခဲ့သည်။

အသေခံဗုံးခွဲမှုကြောင့် သေဆုံးသူ နှင့် ဒဏ်ရာရရှိသူများတွင် အပြစ်မဲ့ပြည်သူများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး အခြား အသေးစိတ်အချက်အလက်များကို ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

Lashkerမြို့ သည် အာဖဂန်နစ္စတန်တောင်ပိုင်းရှိ မြို့တစ်မြို့ဖြစ်ပြီး Helmand ပြည်နယ်၏ မြို့တော်ဖြစ်ကြောင်း သိရသည်။

ဘိန်းစိုက်ပျိုးရာ ဒေသတစ်ခုဖြစ်သော Helmand ပြည်နယ် သည် လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက အစိုးရတပ်ဖွဲ့များ နှင့် တာလီဘန်စစ်သွေးကြွတို့၏ တိုက်ပွဲများအကြား စစ်မြေပြင်အဖြစ်သို့ ရောက်ရှိခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.