Connect with us

Videos

အီဗန်ကာ ထရမ့် ရေမွှေး အမေဇုန်တွင် ရောင်းအားအကောင်းဆုံး ဖြစ်လာ

ပေကျင်း၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်၏ သမီး ထုတ်လုပ်သည့် အီဗန်ကာ ထရမ့် (Ivanka Trump) ရေမွှေးသည် လက်ရှိတွင် အမေဇုန် အွန်လိုင်း ဈေးကွက်တွင် ရောင်းအား အကောင်းဆုံး ထိပ်ဆုံးနေရာ နှစ်ခုတွင် ရပ်တည်နေကြောင်း သိရသည်။

အမျိုးသမီးသုံး ရေမွှေး စပရေး အမျိုးအစားနှင့် Roller-ball အမျိုးအစား နှစ်မျိုးလုံးက အမေဇုန်တွင် ဖေဖော်ဝါရီလ ၁၈ ရက်က ရောင်းအား အကောင်းဆုံး နေရာတွင် ရပ်တည်နေခဲ့သည်။

အဆိုပါ ရေမွှေး ထုတ်ကုန်များအား ဝက်ဘ်ဆိုဒ်ပေါ်တွင် တစ်ပုလင်းကို အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာမှ ၄၆.၅ ဒေါ်လာ အကြား လက်လီ ရောင်းချနေခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.