Connect with us

Science & Technology

တရုတ်နိုင်ငံ ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ်စက်ရုံ၏ စက်အုပ်စု ယူနစ် တစ်ဝက်ကျော် ဓါတ်အားထုတ်လွှတ်နေပြီဖြစ်

တရုတ်နိုင်ငံ ပိုင်ဟဲ့ထန်းရေအားလျှပ်စစ် စက်ရုံ၏ မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

ကူမင်း၊ မေ ၃၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် နင်းနန်ခရိုင်နှင့် ယူနန်ပြည်နယ် ချောင်ကျားခရိုင်ဆက်ကြားရှိ ကျင်းဆားမြစ်လျှိုမြောင်၏ တောတောင်များက မိုးကျပြီးနောက် စိမ်းလန်းစိုပြေလျက်ရှိသည်ကို မေ ၃၀ ရက် နံနက်ပိုင်းတွင် တွေ့မြင်ရမည် ဖြစ်သည်။ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ် စက်ရုံ၏ ဘယ်ဘက်ကမ်း မြေအောက် စက်ရုံရှိ အမှတ် (၅) ယူနစ် စက်အုပ်စုကို (၇၂) နာရီကြာ အဆင်ပြေချောမွေ့စွာ စမ်းသပ်လည်ပတ်ထားပြီဖြစ်ရာ ယင်းနေ့တွင် တရားဝင် ဓါတ်အားထုတ်လွှတ်နိုင်ပြီဖြစ်သည်။ ၎င်းမှာ ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ်စက်ရုံ၏ စက်ယူနစ် အုပ်စုတစ်ဝက်ကျော် လျှပ်စစ်ဓါတ်အား ထုတ်လွှတ်နိုင်ပြီဖြစ်သော အမှတ်သညာလည်း ဖြစ်သည်။

တရုတ်နိုင်ငံ ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ်စက်ရုံ အမှတ် ၅ ယူနစ် စက်အုပ်စု လျှပ်စစ်ဓါတ်အား ထုတ်လွှတ်နေသည်ကို တွေ့ရစဉ်(ဆင်ဟွာ)

ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ်စက်ရုံသည် China Three Gorges Corporation(CTG) ကျင်းဆားမြစ် အောက်ပိုင်းတွင် တည်ဆောက်ထားသော ဧရာမ လှေကားထစ် ရေအားလျှပ်စစ်စီမံကိန်း(၄)ခုဖြစ်သည့် ဝူးတုန်းတယ်၊ ပိုင်ဟဲ့ထန်း၊ ရှီးလော့သု၊ ရှန့်ကျားပါ့ တို့၏ ဒုတိယအဆင့်ဖြစ်သည်။ ပိုင်ဟဲ့ထန်းရေအားလျှပ်စစ်စီမံကိန်း၏ ဘယ်၊ညာ ကမ်းနှစ်ဖက် မြေအောက် စက်ရုံအတွင်း၌ စက်အုပ်စုတစ်ယူနစ်စွမ်းရည် သည် ကမ္ဘာ့အကြီးဆုံးဖြစ်သော ရေအားလျှပ်စစ်ဂျင်နရေတာ ၁၆ လုံးရှိရာ စုစုပေါင်း စက်တပ်ဆင်အား ကီလိုဝပ် (၁၆) သန်း ရှိသည်။

တရုတ်နိုင်ငံ ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ် စက်ရုံ၏ မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

မေ ၃၀ ရက်တွင် ဓါတ်အားထုတ်လွှတ်နိုင်ငံသည့် အမှတ် (၅) ယူနစ် စက်အုပ်စုကို Dongfang Electric Corporation(DEC)Dongfang Electric Machinery Co.,Ltd.က တီထွင်ထုတ်လုပ်ခြင်း ဖြစ်သည်။ ၎င်းသည် အမြင့် (၅၀) မီတာ ကျော်၊ အလေးချိန် တန် (၈,၀၀၀)ခန့် ရှိပြီး တစ်ပတ်လည်ပတ်သည့် လျှပ်စစ်ဓါတ်အားထုတ်လုပ်မှ ကီလိုဝပ်နာရီ (၁၅၀)ခန့် ရှိရာ တစ်နာရီလျှင် သန့်စင်စွမ်းအင် ကီလိုဝပ်နာရီ (၁) သန်းခန့် ထုတ်လုပ်နိုင်ကြောင်း သိရသည်။

China Three Gorges Corporation(CTG) ပိုင်ဟဲ့ထန်း တည်ဆောက်ရေးဌာန ညွှန်ကြားရေးမှူး ဝမ်းကျစ်လျင်က အမှတ်(၅)ယူနစ် စက်အုပ်စုသည် ပိုင်ဟဲ့ထန်း ရေအားလျှပ်စစ်စက်ရုံ၌ လျှပ်စစ်ဓါတ်အားထုတ်လွှတ်သော (၈)ခုမြောက် စက်အုပ်စု ဖြစ်ကြောင်း ဆိုသည်။ ပြီးခဲ့သည့်နှစ် ဇွန်လကုန်မှစ၍ ပထမဆုံး စက်အုပ်စု က လျှပ်စစ်ဓါတ်အား ထုတ်လွှတ်ခဲ့ပြီးနောက်ပိုင်း ပိုင်ဟဲ့ထန်းရေအားလျှပ်စစ်စက်ရုံ၏ လျှပ်စစ်ဓါတ်အား ထုတ်လွှတ်မှု စုစုပေါင်းပမာဏသည် ကီလိုဝပ်နာရီ (၂၆.၉) ဘီလီယံရှိပြီ ဖြစ်ကြောင်း၊ စက်အုပ်စု ယူနစ်များ၏ လည်ပတ်မှုအခြေအနေနှင့်စံချိန်စံညွှန်းများက တည်ငြိမ်ကောင်းမွန်လျက်ရှိရာ နောက်ပိုင်းစက်အုပ်စုများကို လည်း စမ်းသပ်ချိန်ညှိ၍ စနစ်တကျ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပိုင်ဟဲ့ထန်းရေအားလျှပ်စစ်သည် တရုတ်နိုင်ငံ၏ “အနောက်ပိုင်း ဓါတ်အား ၊ အရှေ့ပိုင်းသို့ ပို့ဆောင်ခြင်း”၏ အဓိက စီမံကိန်း ဖြစ်သည်။ ဘက်စုံ တည်ဆောက် ထုတ်လုပ်နိုင်ပါက နှစ်စဉ် ပျမ်းမျှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုပမာဏသည် ကီလိုဝပ်နာရီ (၆၂.၄၄၃) ဘီလီယံ ရှိမည် ဖြစ်သည်။ ၎င်းမှာ မြစ်ကျဉ်းသုံးသွယ်၊ ကဲကျိုး ရေကာတာနှင့် ကျင်းဆားမြစ်ရှိ ဝူးတုန်းတယ်၊ ရှီးလော့သု၊ ရှန့်ကျားပါ့ ရေအားလျှပ်စစ်စီမံကိန်းများနှင့်အတူ ကမ္ဘာပေါ်တွင် အကြီးဆုံးသော သန့်စင်စွမ်းအင် စင်္ကြံတည်ဆောက်ပြီး “ကာဗွန်လျှော့ချရေး ရည်မှန်းချက် ၂ ရပ်”နှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အစိမ်းရောင်အသွင်ပြောင်းမှုကို မြှင့်တင်ဖော်ဆောင်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

#China, #Baihetan, #Hydropower, #xinhua, #xinhuamyanmar, #တရုတ်, #ပိုင်ဟဲ့ထန်း, #ရေအားလျှပ်စစ်, #လျှပ်စစ်ဓါတ်အား, #ဆင်ဟွာ
—————————–
(Chinese Version)

新华全媒+|白鹤滩水电站半数机组投产
2022-05-30 18:48:15 分类: 行业经济
图片轮播
5月30日上午,在四川省宁南县和云南省巧家县交界的金沙江峡谷,雨后的群山披着一层新绿。在白鹤滩水电站左岸地下厂房里,5号机组顺利通过72小时试运行,正式投产发电。这意味着白鹤滩水电站半数机组投产。
白鹤滩水电站。新华社记者胡超 摄
白鹤滩水电站是三峡集团在金沙江下游建设的四座巨型梯级水电站——乌东德、白鹤滩、溪洛渡、向家坝中的第二级。白鹤滩水电站左右两岸地下厂房共布置16台世界单机容量最大的百万千瓦水轮发电机组,总装机容量1600万千瓦。
据介绍,30日投产的5号机组由东方电气集团东方电机有限公司研发制造,高50余米,重约8000吨,转轮每转一圈可发电约150千瓦时,运行1小时就能发出约100万千瓦时的清洁电能。
白鹤滩水电站5号机组投产发电。新华社记者胡超 摄
在5号机组投产发电交接仪式现场,机组运行指示灯亮成醒目的红色,承建方中国水利水电第四工程局有限公司向白鹤滩电厂移交了象征投产的“钥匙”。
白鹤滩水电站。新华社记者胡超 摄
三峡集团白鹤滩工程建设部主任汪志林介绍,5号机组是白鹤滩水电站投产的第8台机组。自去年6月底首批机组投产以来,白鹤滩水电站累计发电量已超269亿千瓦时,已投产机组运行状态稳定、运行指标优良,后续机组调试工作正在有序推进。
白鹤滩水电站是实施“西电东送”的国家重大工程,全面建成投产后预计多年平均发电量可达624.43亿千瓦时,将与三峡、葛洲坝以及金沙江乌东德、溪洛渡、向家坝水电站一起,构成世界最大的清洁能源走廊,促进实现“双碳”目标和经济社会发展绿色转型。
文字记者:吉哲鹏、侯雪静、丁怡全、陈冬书
视频记者:何春好

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.