Connect with us

Social

မြန်မာ နိုင်ငံ ရေဘေးသင့် ပြည်သူ များအတွက် တရုတ် နိုင်ငံ အစိုးရ ၊ ကုမ္ပဏီ နှင့် အသင်းအဖွဲ့များ မှ လှူဒါန်း

ယူနန်ပြည်နယ် အစိုးရ မှ မြန်မာ နိုင်ငံ ရေဘေးသင့် ဒေသပြည်သူများ အား လှူဒါန်းသည့် ကူညီထောက်ပံ့ရေး ပစ္စည်း များလွှဲပြောင်း ပေးအပ်သည့် အခမ်းအနား အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၄ ရက်(ဆင်ဟွာ)

မန္တလေးမြို့ ၌ သြဂုတ်လ ၁၄ ရက်နေ့ တွင် ရေဘေးသင့် ပြည်သူများ ပြန်လည်ထူထောင်ရေး နှင့် ကူညီထောက်ပံ့ရေး အတွက် ယူနန် ပြည်နယ် အစိုးရ မှ လှူဒါန်းသည့် ထောက်ပံ့ရေး ပစ္စည်း များ ဒုတိယ အသုတ် ထပ်မံ ရောက်ရှိခဲ့ပြီး မန္တလေး မြို့ရှိ မြန်မာ နိုင်ငံဆိုင်ရာ တရုတ် ကောင်စစ်ဝန် ရုံးချုပ် နှင့် မန္တလေးမြို့ တရုတ် လုပ်ငန်း ကုမ္ပဏီ ပရဟိတ ဖေါင်ဒေရှင်း တို့မှ မြန်မာနိုင်ငံ ရေဘေးသင့် ပြည်သူများ အတွက် ကယ်ဆယ်ရေး နှင့် ပြန်လည် ထူထောင်ရေး အတွက် လှူဒါန်းမှု အစီအစဉ် တစ်ရပ် ပြုလုပ် ခဲ့သည်။

သြဂုတ်လ၁၄ရက်နေ့လည် ၁ နာရီ အချိန်တွင် ယူနန်ပြည်နယ် အစိုးရ မှ မြန်မာ နိုင်ငံ ရေဘေးသင့် ဒေသပြည်သူများ အား လှူဒါန်းသည့် ကူညီထောက်ပံ့ရေး ပစ္စည်း များ တင်ဆောင်လာသည့် ကား ၃၃ စီး မှာလည်း မန္တလေး မြို့သို့ ရောက်ရှိခဲ့သည်။ ယခု အကြိမ် လာရောက်ပို့ဆောင်သည့် တရုတ် ယွမ်းငွေ ၂.၅၉ သန်း တန်ဖိုးရှိ ကူညီထောက်ပံ့ရေး ပစ္စည်း များကို မန္တလေး တိုင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးတွင် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား တစ်ရပ် ပြုလုပ်ခဲ့ပြီး ယူနန်ပြည်နယ် အစိုးရ ပြင်ပ အလုပ်အမှုဆောင် ဝူဝိန်တုန်း မှ ကူညီထောက်ပံ့ရေး ပစ္စည်း များအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ခိုင် ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး တရုတ် နိုင်ငံ မှ ကြီးမားသည့် ကူညီထောက်ပံ့မှု များသည် ရေဘေး ကယ်ဆယ်ရေး လုပ်ငန်း များအတွက် များစွာ အထောက်အကူ ဖြစ်စေခဲ့ပြီး ရေဘေးသင့် ပြည်သူ များအတွက် အလွန် အကျိုးရှိစေခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယူနန်ပြည်နယ် အစိုးရ မှ မြန်မာ နိုင်ငံ ရေဘေးသင့် ဒေသပြည်သူများ အား လှူဒါန်းသည့် ကူညီထောက်ပံ့ရေး ပစ္စည်း များ တင်ဆောင်လာသည့် ကား မန္တလေး မြို့သို့ ရောက်ရှိလာစဉ်(ဆင်ဟွာ)

မန္တလေးမြို့ရှိ အစိုးရခန်းမဆောင် တစ်ခုတွင် ယနေ့ မနက် ၉ နာရီ၌ မန္တလေး မြို့ရှိ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ကောင်စစ်ဝန်ရုံးချုပ် မှ ရေဘေးသင့် ပြည်သူ များအတွက် ကျပ်သိန်း ၁၅၀ ကို မန္တလေး တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် ထံသို့ ပေးအပ်ခဲ့သည်။ မန္တလေးမြို့ တရုတ် လုပ်ငန်း ကုမ္ပဏီ ပရဟိတ ဖေါင်ဒေရှင်း မှလည်း လှူဒါန်းငွေ ကျပ်သိန်း ၁၀၀ ကိုလည်း မန္တလေး မြို့တော်ဝန် ထံသို့ ပေးအပ်ခဲ့သည်။

ထို့ပြင် မန္တလေး မြို့ရှိ တရုတ် အသင်းအဖွဲ့ များမှလည်း ရေဘေးသင့် ပြည်သူ များအတွက် လှူဒါန်းမှု များတက်ကြွ စွာ ပြုလုပ် ခဲ့ကြသည်။ မန္တလေး မြို့ရှိ ယူနန်အသင်း မှ ငွေကျပ် သိန်း ၁၁၅၀ ၊ မန္တလေး မြို့ ဖူကျန့် အသင်း မှ ငွေကျပ် သိန်း ၃၀ ၊ မန္တလေး မြို့ ကွမ်တုံး အသင်း မှ ငွေကျပ်သိန်း ၂၀ ၊ ပြည်နယ်ပေါင်းစုံ အသင်း မှ ငွေကျပ် ၁၀ သိန်း ၊ မန္တလေး မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ မှ ငွေကျပ် သိန်း ၁၀၀ ၊ မန္တလေး မြို့ တရုတ် အမျိုးသမီးရေးရာ အသင်း မှ ငွေကျပ် သိန်း ၁၀၀ ၊ ကျင်းသောရန် ပရဟိတ အသင်း မှ ငွေကျပ် သိန်း ၁၀၀ ၊ ကျင်းသောရန် အမျိုးသမီး ပရဟိတ အသင်း မှ ငွေကျပ် ၁၀ သိန်း ၊ ဖူချင့် အမျိုးသမီး ပရဟိတ အသင်း မှ ငွေကျပ် ၁၀ သိန်း တို့ ကို အသီးသီး လှူဒါန်း ခဲ့ကြသည်။

ထို့နောက် ကျင်းသောရန် ပရဟိတ အသင်း ဥက္ကဌ လီကျူချိုင် မှ ငွေကျပ် သိန်း ၁၀၀ ၊ မန္တလေး ယူနန် အသင်း ဘုတ်အဖွဲ့ ကြီးကြပ်ရေးမှူး ကျာဆစ်ရိ (Asia Energy) မှ ငွေကျပ် သိန်း ၅၀၀ ၊ ရန်ကုန် ယူနန်အသင်း ဥက္ကဌ ကျန်းယင်ချွန်း နှင့် ဇနီး မှ ငွေကျပ် သိန်း ၉၀၀ ၊ AAA ဘိလပ်မြေ စက်ရုံ ဥက္ကဌ ရန်ယုံတုံး မှ ငွေကျပ် သိန်း ၅၀၀ ၊ ယူနန် အသင်း ဒုတိယ ဥက္ကဌ လီရှိချန်း မှ ငွေကျပ် သိန်း ၂၀၀ ၊ ဥရောပ-အာရှ ကုမ္ပဏီ မှ ငွေကျပ် သိန်း ၅၀၀ ၊ ပြည်နယ် ပေါင်းစုံအသင်း ဒုတိယ ဥက္ကဌ ရှဲဆစ်ရှန် မှ ငွေကျပ် ၁၀ သိန်း ၊ ကွမ်တုံးအသင်း ဥက္ကဌ မိုက်ချွန်ဖူ မှ ငွေကျပ် ၂ သိန်း စသည်ဖြင့် မြန်မာ နိုင်ငံ ရေဘေးသင့် ပြည်သူများ အတွက် တရုတ် နိုင်ငံ အသင်း အဖွဲ့ နှင့် လုပ်ငန်း ကုမ္ပဏီ များမှ အသီးသီး ပါဝင် လှူဒါန်း ခဲ့ကြသည်။(Xinhua)