Connect with us

Social

တရုတ် နိုင်ငံတော်အစိုးရ မှ မြန်မာ နိုင်ငံ ရေဘေး ကယ်ဆယ်ရေး အတွက် ကူညီထောက်ပံ့သည့် ပစ္စည်း များ ရန်ကုန်မြို့သို့ ရောက်ရှိ


ရန်ကုန် ၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံတော် အစိုးရ မှ မြန်မာ နိုင်ငံ ရေဘေးသင့် ဒေသများ အတွက် ကူညီထောက်ပံ့သည့် အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်း များသည် သြဂုတ် ၁၅ ရက်နေ့ ည တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် သို့ရောက် ရှိခဲ့ပါသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ တရုတ် နိုင်ငံတော် အစိုးရ မှ ကူညီထောက်ပံ့သည့် ရေဘေး ကယ်ဆယ်ရေး ပစ္စည်း များ ရောက်ရှိ လာစဉ်(ဆင်ဟွာ)

ယခု လာရောက် ပို့ဆောင် ခဲ့သည့် အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်း များသည် တရုတ် ယွမ်ငွေ ၁၀ သန်း (အမေရိကန် ဒေါ်လာ ၁.၆၃ သန်း) တန်ဖိုးရှိ ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းတွင် အသုံးပြု နိုင်မည့် စက်လှေ အစင်း ၁၀၀ ဖြစ်သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် မြန်မာ နိုင်ငံ အစိုးရ အရာရှိ တို့မှ ရန်ကုန် လေဆိပ် တွင် တရုတ် နိုင်ငံတော် အစိုးရ ၏ ရေဘေး ကယ်ဆယ်ရေး ပစ္စည်း လွှဲပြောင်းခြင်း အခမ်းအနား တို့တက်ရောက်ခဲ့စဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ တွင် ဇွန်လ ကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာ နိုင်ငံ ၏ ဒေသ အတော်များများ ကို ထိခိုက်ခဲ့ပြီး လူနေအိမ်များ ၊ လယ်ယာများ ၊ ရထားလမ်းများ ၊ တံတားများ နှင့် လမ်းများ ပျက်စီးခဲ့ရသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် သို့ တရုတ် နိုင်ငံတော် အစိုးရ မှ ကူညီထောက်ပံ့သည့် ရေဘေး ကယ်ဆယ်ရေး ပစ္စည်း များ ရောက်ရှိ လာစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ တွင် ရေဘေး ဒုက္ခ ဖြစ်ပွား ချိန် မှ စတင်၍ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် သံရုံး၊ ကောင်စစ်ဝန် ရုံး ၊ ယူနန်ပြည်နယ်အစိုးရ ၊ မြန်မာ နိုင်ငံ ရှိ တရုတ် လုပ်ငန်းရှင် များ ၊ မြန်မာ နိုင်ငံ ရှိ တရုတ် အသင်းအဖွဲ့ များမှ ရေဘေး သင့် ပြည်သူ များအတွက် ကူညီ ထောက်ပံ့မှု များကို တက်ကြွစွာ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။(Xinhua)