Connect with us

Politics, Law & Military

ရှီကျင့်ဖိန်၏ ကျေးလက်လုပ်ငန်းဆိုင်ရာ လမ်းညွှန်ချက်များကို လေ့လာသင်ယူကြရန် ဒုတိယဝန်ကြီးချုပ် အလေးထား ပြောကြား

ပေကျင်း ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ)

စိုက်ပျိုးရေး ၊ ကျေးလက်ဒေသများ နှင့် ကျေးလက်နေပြည်သူများ၏ လုပ်ငန်းဆောင်တာများနှင့်ပတ်သက်၍ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ မိန့်ဆိုမှု လမ်းညွှန်ချက်များကို အဓိက နိုင်ငံရေးတာဝန်တစ်ရပ်အဖြစ် လေ့လာသင်ယူပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တရုတ်နိုင်ငံဒုတိယဝန်ကြီးချုပ် Hu Chunhua က ဇွန် ၁၄ ရက်တွင် အလေးထား ပြောကြားခဲ့သည်။လယ်ယာစိုက်ပျိုးရေး ၊ ကျေးလက်ဒေသများ နှင့် ကျေးလက်နေပြည်သူများ နှင့်ပတ်သက်၍ ရှီကျင့်ဖိန်၏ မိန့်ဆိုလမ်းညွှန်ချက်များကို လက်တွေ့ပြုကျင့်လိုက်နာပြီး ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်အောင် ကြိုးပမ်းအားထုတ်သွားသင့်ကြောင်း နှင့် ကဏ္ဍပေါင်းစုံ ရှုထောင့်အားလုံးအတွက် ကျေးလက်ဒေသရှင်သန်ဖွံ့ဖြိုးမှုမြှင့်တင်ရေးတွင် အလားအလာသစ်များကို တံခါးဖွင့်ရန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

ရှီကျင့်ဖိန်၏ မိန့်ဆိုလမ်းညွှန်ချက်များတွင် စိုက်ပျိုးရေး ၊ ကျေးလက်ဒေသများ နှင့် လယ်သမားများနှင့် သက်ဆိုင်သော လုပ်ငန်းဆောင်တာ အတွက် အခြေခံကျသော လမ်းညွှန်ချက် နှင့် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်တစ်ခုကို ထည့်သွင်းဖော်ပြထားကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားခဲ့သည်။ ထိုအကြောင်းအရာများကို အားပေးထောက်ခံမှု အပြည့်အဝနှင့်အတူ နယ်ပယ်စုံအလွှာစုံတွင် အသွင်သဏ္ဍာန်အမျိုးမျိုးဖြင့် လေ့လာသင်ယူမှုကို ကြိုးပမ်းအားထုတ်သွားရန်အတွက် ၎င်းက တောင်းဆိုခဲ့သည်။(Xinhua)

————————
(English Version)
Vice premier stresses studying Xi’s discourses on rural work
BEIJING, June 14 (Xinhua) — Chinese Vice Premier Hu Chunhua on Tuesday stressed taking as a major political task the learning and implementation of the discourses of Xi Jinping, general secretary of the Communist Party of China Central Committee, on work concerning agriculture, rural areas and rural residents.
Hu said efforts should be made to gain a better understanding of and put in practice Xi’s discourses on agriculture, rural areas and rural residents, and strive to open up new prospects in advancing rural vitalization in all aspects.
Noting that Xi’s discourses provide an action plan and fundamental guidance for work concerning agriculture, rural areas and farmers, Hu called for efforts to study them in various forms, at multiple levels and with full coverage.