Connect with us

Social, Education & Health

အင်္ဂလိပ်စကားပြော ပထမဆုံး တရုတ် သိပ္ပံ ရုပ်ရှင် “Lost in the Pacific” ဇာတ်ကား ကမ္ဘာအနှံ့ ပြသရန် ရည်ရွယ်

တရုတ် သိပ္ပံ ရုပ်ရှင် ဇာတ်ကား “Lost in the Pacific” တွင် တရုတ်မင်းသမီး ချောင်ယုကွီ အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

လော့စ်အိန်ဂျလစ်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂလိပ်စကားပြော သရီးဒီသိပ္ပံ အက်ရှင် စွန့်စားမှု ဇာတ်ကား “Lost in the Pacific” အား ၂၀၁၅ ခုနှစ် မကုန်မီတွင် ကမ္ဘာအနှံ့ ပြသနိုင်ရန် ရည်မှန်းထားကြောင်း ဇာတ်ကားတွင် ပါဝင်သူများက ပြောသည်။

Superman Returns ဇာတ်ကား၏ ခေါင်းဆောင်မင်းသား စတားရင်း ဘရန်ဒန် ရုသ် နှင့် တရုတ်မင်းသမီး ချောင်ယုကွီ တို့ ခေါင်းဆောင်ပါဝင်ထားပြီး ဒါရိုက်တာ ဗင်းဆင့်ချူ ကရိုက်ကူးထားသည်။ ၂၀၂၀ ခုနှစ်တွင် နိုင်ငံတကာ လူကုံထံ ခရီးသည် တစ်စုကို သယ်ဆောင်လာသော ဇိမ်ခံလေယာဉ်ကြီးသည် ဖွင့်ပွဲပြီးနောက် သမုဒ္ဒရာကို ဖြတ်သန်းပြီး မမျှော်လင့်သော ကပ်ဘေးကြီး ကျရောက် ရင်ဆိုင်တွေ့ရပုံကို ရိုက်ကူးတင်ပြထားခြင်း ဖြစ်သည်။

“Lost in the Pacific” ဇာတ်ကားအား ၂၀၁၅ ခုနှစ် နွေဦးရာသီ၌ မလေးရှားနိုင်ငံ ပိုင်းဝုဒ် စတူဒီယိုတွင် ရိုက်ကူးထားခြင်း ဖြစ်ပြီး UFO အင်တာနေရှင်နယ်မှ မျက်မြင် အထူးပြုလုပ်ချက်များဖြင့် ဖန်တီးပေးထားသည်။ အသံတည်းဖြတ်မှုကိုတော့ အော်စကာစာရင်းဝင် ခမ်မီ အက်စ်ဂါ နှင့် Sean McCormack တို့က ကြီးကြပ်ပေး၍ အော်စကာဆုရှင် မာ့ခ်ပတ်တာစန် ကနောက်ဆုံး အသံတည်းဖြတ်မှု ပြုလုပ်ပေးသည်။ နိုင်ငံတကာ ထိပ်ဆုံး ရောင်းတန်း စာရင်းဝင် အာ့ခ်လိုက် ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးထားပါသည်။

“Special ID”, “Snow Girl”, “Epstein” စသော တရုတ်ရုပ်ရှင် ဇာတ်ကားများက တရုတ်၊ အမေရိကန် နှင့် ကမ္ဘာအနှံ့သို့ ရောက်ရှိပြီး ဖြစ်သော်လည်း ယခု “Lost in the Pacific” ဇာတ်ကားတွင် ပါဝင်သော နိုင်ငံတကာ သရုပ်ဆောင်များ၊ ဇာတ်လမ်း ဇာတ်အိမ် နှင့် ထုတ်လုပ်မှု အရည်အသွေး များကြောင့် အခြားဇာတ်ကားများထက် ပြိုင်ဘက်ကင်း ဖြစ်နိုင်ကြောင်း အာ့ခ်လိုက် ရုပ်ရှင်ထုတ်လုပ်ရေးမှ ပြောသည်။

လတ်တလောတွင် အာ့ခ်လိုက် ရုပ်ရှင် ထုတ်လုပ်ရေးမှ “Lost in the Pacific” ဇာတ်ကားအား စက်တင်ဘာလတွင် ပြုလုပ်မည့် တိုရန်တို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၊ နိုဝင်ဘာလတွင် အမေရိကန် ရုပ်ရှင် ဈေးကွက်များ၌ ပြသနိုင်ရန် ရည်ရွယ်ထားပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.