Connect with us

Eastern Europe

ရုရှားကာကွယ်ရေးဝန်ကြီး အထူးစစ်ဆင်ရေးတပ်ဖွဲ့ကို သွားရောက်ကြည့်ရှုစစ်ဆေး ၊ ဒွန်းနက်စ်(Donetsk)ဒေသ မြောက်ပိုင်း အဓိကမြို့နယ်သို့ စစ်အင်အားစုစည်းနေသည်ဟု ယူကရိန်း ဆို

ယူကရိန်းနိုင်ငံ ခါကိဗ်(Kharkiv)မြို့ အရှေ့ပိုင်း North Saltovka ၌ ပျက်စီးနေသော အဆောက်အဦများနှင့်မော်တော်ယာဉ်များအား ဇွန် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၇ ရက်(ဆင်ဟွာ)

အထူးစစ်ဆင်ရေးတွင် ပါဝင်သည့် ရုရှားတပ်ဖွဲ့ကို ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက် ၏ ဇွန် ၂၆ ရက် ထုတ်ပြန်ချက်များအရ သိရသည်။ ရုရှားတပ်များ ဒွန်းနက်စ်(Donetsk)ဒေသ မြောက်ပိုင်း အဓိကမြို့ Slovyanskတွင် စစ်အင်အား စုစည်းနေကြောင်း ယင်းဒေသ စစ်ဘက်ဆိုင်ရာအကြီးအကဲ Pavlo Kyrylenko၏ ပြောကြားချက်ကို ကိုးကား၍ Ukrinformသတင်းအေဂျင်စီက ဇွန် ၂၆ ရက်တွင် ဖော်ပြခဲ့သည်။____ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoiguသည် အထူးစစ်ဆင်ရေးတွင် ပါဝင်သော ရုရှားတပ်ဖွဲ့ကို သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပြီး ကွပ်ကဲရေးမှူးများ၏ လက်ရှိ ရုရှားတပ် အဓိက စစ်ဆင်ရေးဦးတည်လှုပ်ရှားမှု အခြေအနေ အစီရင်ခံမှုများကို ကြားနာခဲ့ကြောင်း ၊ စစ်ဆင်ရေးလှုပ်ရှားမှု ဘက်စုံအာမခံချက်ရှိစေရေးလုပ်ငန်းများကို အထူးဂရုပြုခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်က ဇွန် ၂၆ ရက် ဖော်ပြထားသည်။ မည်သည့်အချိန်၊ မည်သည့်နေရာတွင် စစ်ဆေးလေ့လာကြည့်ရှုခဲ့ကြောင်းကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။

ယူကရိန်းနိုင်ငံ ခါကိဗ်(Kharkiv)မြို့ အရှေ့ပိုင်း North Saltovka ၌ ပျက်စီးနေသော အဆောက်အဦများနှင့်မော်တော်ယာဉ်များအား ဇွန် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

___ ရုရှားတပ်များ Slovyanskသို့ ဦးတည်၍ စစ်သည်အင်အား၊ အကြီးစား သံချပ်ကာယာဉ်နှင့်အမြောက်များကို ရွှေ့လျားစုစည်းလာနေပြီး ယူကရိန်းတပ်များတည်ရှိရာနေရာသို့ ချဉ်းကပ်ရန် ကြိုးပမ်းနေကြောင်း ဒွန်းနက်စ်ဒေသ စစ်ဘက်ဆိုင်ရာအကြီးအကဲ Pavlo Kyrylenkoက ဇွန် ၂၆ ရက် ရုပ်မြင်သံကြားအစီအစဉ်မှတစ်ဆင့်ပြောကြားခဲ့သည်။

___ ယူကရိန်းနိုင်ငံ ကိဗ်မြို့ Shevchenkivskyiဒေသရှိ ၉ထပ်တိုက် လူနေအဆောက်အဦ ပေါက်ကွဲမီးလောင်မှုဖြစ်ပွားပြီးနောက် ကူညီကယ်ဆယ်ရေးသမားများက အဆောက်အဦအတွင်း လူ ၂၅ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ကိဗ်မြို့တော်ဝန် Vitali Klitschkoက ဇွန် ၂၆ ရက် လူမှုကွန်ရက်မီဒီယာတွင် ပြောကြားခဲ့သည်။ ထိုနေ့တွင်ပင် ယူကရိန်းအစိုးရရှေ့နေချုပ်ရုံးက လူနေ အဆောက်အဦ ပေါက်ကွဲမှုကြောင့် လူ ၁ ဦး သေဆုံးခဲ့ပြီး အခြား လူ ၄ ဦးကို ဆေးကုသရန် ဆေးရုံသို့ပို့ဆောင်ထားကြောင်း၊ ပေါက်ကွဲမှုနှင့်စပ်လျဉ်း၍ ကိဗ် တရားဥပဒေစိုးမိုးရေးဌာနက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း လူမှုကွန်ရက်မီဒီယာတွင် စာရေးသားထုတ်ပြန်ခဲ့သည်။

ယူကရိန်းနိုင်ငံ ခါကိဗ်(Kharkiv)မြို့ အရှေ့ပိုင်း North Saltovka ၌ ထောက်ပံ့ပစ္စည်းများ ယူဆောင်ရန် စောင့်ဆိုင်းနေသော ဒေသခံများအား ဇွန် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

___ ယူကရိန်းတပ်များက လေကြောင်းတပ်ဖွဲ့နှင့် Multiple rocket launcher(MRL)တို့ဖြင့် မြွေကျွန်းကို ထပ်မံတိုက်ခိုက်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ၎င်းအပေါ် တုန့်ပြန်သည့်အနေဖြင့် ယူကရိန်းလေယာဉ်တစ်စီးနှင့် ဒုံးပစ်ဒုံးကျည် ၁၂ လုံးကို ရုရှားတပ်များက ပစ်ချခဲ့ကြောင်း ဆိုသည်။ ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkovက ပစ်မှတ်တိကျမှုမြင့်မားသော လက်နက်ဖြင့် Chernihiv၊ Zhytomyrနှင့်Lviv ရှိ ယူကရိန်းတပ်လေ့ကျင့်ရေးဗဟိုသို့ ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်ခဲ့ကြောင်း ယင်းနေ့တွင် ပြောကြားခဲ့သည်။

__ လူးဟန့်စ်ခ်လက်နက်ကိုင်အင်အားသည် ရုရှားတပ်များ၏ထောက်ခံမှုဖြင့် Severodonetsk၊ ၎င်းမြို့အနီးရှိ Borovskoyeနှင့်အခြား လူနေနေရာ ၂ ခုကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း၊ Severodonetskရှိ ဓါတ်မြေဩဇာစက်ရုံ၏ ထိန်းချုပ်ခွင့်ကို ယင်းဒေသပြည်သူ့စစ်အားလွှဲပြောင်းပေးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkovက ဇွန် ၂၅ ရက်တွင် ပြောကြားခဲ့သည်။ Severodonetsk ရုရှားတပ်များ၏ထိန်းချုပ်မှု လက်ထဲသို့ လုံးဝကျရောက်သွားပြီးဖြစ်ကြောင်း၊ ရုရှားတပ်များက မြို့၏ အုပ်ချုပ်ရေးစနစ်များပြန်လည်လည်ပတ်ရန်နှင့် ယင်းမြို့တာဝန်ခံခန့်အပ်ခဲ့ကြောင်း Severodonetsk မြို့ တော်ဝန်Oleksandr Stryukက ယင်းနေ့ ရုပ်သံမေးမြန်းခန်းတွင် အတည်ပြုခဲ့သည်ဟု Ukrinformသတင်းအေဂျင်စီက ဖော်ပြထားသည်။ (Xinhua)

—————————–
(Chinese Version)
(乌克兰局势)最新动态:俄防长视察参与特别军事行动部队 乌方称俄军正向顿涅茨克地区北部重镇方向集结兵力
2022-06-26 23:54:26
新华社北京6月26日电综合新华社驻外记者报道:俄罗斯国防部网站26日发布消息,俄国防部长绍伊古视察了参与特别军事行动的俄罗斯部队。乌克兰国家通讯社26日援引顿涅茨克地区军事行政长官保罗·基里连科的话报道说,俄军正在向顿涅茨克地区北部重镇斯拉维扬斯克方向集结兵力。
——据俄罗斯国防部网站26日消息,绍伊古视察了参与特别军事行动的俄罗斯部队,听取了指挥官关于当前俄军在主要作战方向行动情况的汇报,并特别关注了涉及作战行动全面保障工作的问题。国防部没有说明视察时间和地点。
——据乌通社26日报道,基里连科当天在电视节目中说,乌方观察到,俄军正在向斯拉维扬斯克方向集结兵力、重型装甲车辆和火炮,并试图抵近乌方阵地。
——乌克兰基辅市市长克利奇科26日在社交媒体发文说,当天早上,基辅市舍甫琴科夫斯基区一栋9层居民楼发生爆炸后起火,救援人员从居民楼内疏散了25人。乌克兰总检察长办公室同日在社交媒体发文说,居民楼爆炸已造成1人死亡,另有4人被送往医院救治。基辅市执法部门已对爆炸事件展开调查。
——俄罗斯国防部26日发布通报说,乌军再次尝试通过航空部队和多管火箭系统袭击蛇岛,但没有成功。作为回应,俄军击落了一架乌方飞机和12枚火箭弹。俄国防部发言人科纳申科夫当天说,俄军使用高精度武器对位于切尔尼戈夫州、日托米尔州和利沃夫州的3个乌军训练中心实施大规模打击。
——科纳申科夫25日说,卢甘斯克武装力量在俄军支持下,完全控制了北顿涅茨克市以及该市附近的博罗夫斯科耶和其他两个居民点。他说,北顿涅茨克氮肥厂的控制权交给了当地民兵。另据乌通社25日报道,北顿涅茨克市市长斯特留克当天在电视采访中证实,该市已完全在俄军控制下,俄军正在恢复城市秩序并任命了该市负责人。(参与记者:李铭、李东旭、耿鹏宇、赵冰)(完)
图说1:这是6月1日在乌克兰哈尔科夫市东部北萨尔托夫卡拍摄的受损建筑和车辆。 新华社发(彼得·德鲁克摄)
图说2:这是6月1日在乌克兰哈尔科夫市东部北萨尔托夫卡拍摄的受损建筑和车辆。新华社发(彼得·德鲁克摄)
图说3:6月1日,在乌克兰哈尔科夫市东部北萨尔托夫卡,当地居民等待领取援助物资。 新华社发(彼得·德鲁克摄)