Connect with us

Africa & Middle East

တရုတ်နိုင်ငံမှ ကူညီတည်ဆောက်ပေးသည့် ဇင်ဘာဘွေ လွှတ်တော်အဆောက်အအုံသစ် စီမံကိန်း ပြီးစီး

ဟာရာရီ၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)

အာဖရိကတိုက်တောင်ပိုင်း ဇင်ဘာဘွေနိုင်ငံတွင် တရုတ်နိုင်ငံ၏ အကြီးဆုံး ကူညီထောက်ပံ့သော စီမံကိန်းဖြစ်သည့် လွှတ်တော်အဆောက်အအုံသစ် တည်ဆောက်မှုပြီးမြောက်ပြီဖြစ်ကြောင်း ဆောက်လုပ်ရေးအဖွဲ့က ဇွန် ၂၉ ရက်တွင် ကျင်းပသည့် မီဒီယာများအား အသိပေးဖွင့်လှစ်ခြင်းအခမ်းအနား၌ ကြေညာခဲ့သည်။ဇင်ဘာဘွေ လွှတ်တော်အဆောက်အုံသစ်သည် ဇင်ဘာဘွေနိုင်ငံ မြို့တော် ဟာရာရီ အနောက်ဘက် ကီလိုမီတာ ၂၀ အကွာရှိ Mount Hampden မြို့သစ်တွင် တည်ရှိကြောင်း၊ ဆောက်လုပ်ရေး ဧရိယာ စုစုပေါင်းမှာ ၃၃,၀၀၀ စတုရန်းမီတာရှိပြီး ဆောက်လုပ်ပြီးစီးပြီးနောက် ယင်းဒေသ၏ ဒေသဆိုင်ရာ အထင်ကရ အဆောက်အအုံဖြစ်လာမည်ဟု သိရသည်။ ဆောက်လုပ်ရေးအဖွဲ့ဖြစ်သည့် ရှန်ဟိုင်းဆောက်လုပ်ရေးအဖွဲ့၊ ဇင်ဘာဘွေလွှတ်တော်အဆောက်အအုံ စီမံကိန်းမန်နေဂျာ Cai Libo က ယင်းစီမံကိန်းအား မူလက ၂၀၂၁ ခုနှစ် မတ်လတွင် ဆောက်လုပ်ပြီးစီးရန် စီစဉ်ထားသော်လည်း ကပ်ရောဂါသက်ရောက်မှုကြောင့် ယခုနှစ် မေလကုန်မှ တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် အဆိုပါ အဆောက်အအုံအား လက်ခံစစ်ဆေးခြင်း ပြီးမြောက်ခဲ့ကြောင်းနှင့် မကြာသေးမီကာလအတွင်း အသုံးပြုရန် ဇင်ဘာဘွေနိုင်ငံထံ လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ဇင်ဘာဘွေနိုင်ငံ Mount Hampden မြို့သစ်ရှိ လွှတ်တော်အဆောက်အအုံအား ဇွန် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် စီမံကိန်းစတင်ချိန်မှစ၍ ဇင်ဘာဘွေနိုင်ငံ သမ္မတ Emmerson Mnangagwa သည် စီမံကိန်း လုပ်ငန်းခွင်သို့ မကြာခဏသွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။ ၎င်းက တရုတ်အစိုးရနှင့် ကုမ္ပဏီများ အနေဖြင့် ယင်းစီမံကိန်းအပေါ် ထောက်ခံမှုကို ကျေးဇူးတင်ရှိကြောင်း၊ စီမံကိန်း တည်ဆောက်ရေးတိုးတက်မှု အခြေအနေနှင့် ဇင်ဘာဘွေ-တရုတ် နှစ်ဘက်လုံးမှ ဆောက်လုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်မှုအပေါ် အလွန်ကျေနပ်အားရမိပါကြောင်း၊ ဆောက်လုပ်ရေးအဖွဲ့များက ကပ်ရောဂါ သက်ရောက်မှုအား ကျော်လွှားပြီး တက်ကြွစွာ လုပ်ငန်းပြန်လည်စတင်မှုအပေါ်လည်း လေးစားပါကြောင်း ပြောကြားခဲ့သည်။

ဇင်ဘာဘွေနိုင်ငံ Mount Hampden မြို့သစ်ရှိ လွှတ်တော်အဆောက်အအုံအား ဇွန် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စီမံကိန်း ဆောက်လုပ်ပြီးစီးပြီးနောက် ရှန်ဟိုင်းဆောက်လုပ်ရေးကုမ္ပဏီက ၂ နှစ်ကြာ ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှု ပေးအပ်သွားမည်ဖြစ်ကြောင်း Cai Libo ကပြောကြားခဲ့သည်။

လွှတ်တော်အဆောက်အအုံအပြင် တရုတ်ကုမ္ပဏီများက ဇင်ဘာဘွေ၌ ဆောင်ရွက်လျက်ရှိသည့် အဓိက အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးတွင် Hwange ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ချဲ့ထွင်ရေး စီမံကိန်းနှင့် မူဂါဘီ နိုင်ငံတကာလေဆိပ် ပြုပြင်ရေးနှင့် တိုးချဲ့ခြင်း စီမံကိန်းစသည်တို့ ပါဝင်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(Chinese Version)
中国援建的津巴布韦新议会大厦竣工并通过验收
新华社哈拉雷6月29日电(记者张玉亮)中国在南部非洲的最大援建项目津巴布韦新议会大厦29日举行媒体开放日,施工方宣布项目已竣工并通过验收。
津巴布韦新议会大厦位于津首都哈拉雷市区以西20公里的汉普登山新城,总建筑面积3.3万平方米,建成后成为当地的地标性建筑。施工方上海建工集团援建津巴布韦议会大厦项目经理蔡力波表示,项目原计划2021年3月完工,受疫情影响,最终于今年5月底竣工。目前大厦已通过验收,将在不久后移交津方使用。
自2018年项目开工以来,津总统姆南加古瓦多次赴项目现场参观。他对中国政府和企业对该项目的支持表示感谢,对项目施工进度及津中双方工作团队的配合感到非常满意,并对施工方努力克服新冠疫情影响、积极复工表示钦佩。
蔡力波说,项目竣工后,上海建工集团还将提供为期2年的维保服务。
除新议会大厦外,中国企业在津巴布韦承建的重大基建项目还包括万盖燃煤电站扩机工程、穆加贝国际机场改扩建工程等。(完)
图说1-这是位于津巴布韦汉普登山新城的新议会大厦内的参议院议事厅(6月29日摄)。新华社发(肖恩·朱萨摄)
图说2-6月29日,在津巴布韦汉普登山新城,一名男子从新议会大厦门前走过。新华社发(肖恩·朱萨摄)
图说3- 6月29日,在津巴布韦汉普登山新城,一名女子在新议会大厦前留影。新华社发(肖恩·朱萨摄)