Videos
ပြည်တွင်းစက်သုံးဆီ တစ်လီတာကို ၁၇၀၀ ကျပ်အထိ ကျဆင်းလာ
ရန်ကုန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)
ပြည်တွင်းစက်သုံးဆီဈေးကွက်အတွင်း ဓာတ်ဆီဈေးနှုန်းများ ယခုရက်ပိုင်း ဆက်တိုက်ကျဆင်းလာနေသည်။ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ ဇူလိုင် ၁၆ ရက်၌ ထုတ်ပြန်သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ 92 တစ်လီတာလျှင် ၁၇၀၀ ကျပ်၊ 95 တစ်လီတာလျှင် ၁၇၄၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၁၃၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)