Breaking News
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ဦးတီခွန်မြတ် အား ရွေးကောက် တင်မြှောက်

နေပြည်တော် ၊ မတ် ၂၂ ရက်(ဆင်ဟွာ)
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အဖြစ် ဦးတီခွန်မြတ် အား ရွေးကောက် တင်မြှောက် လိုက်ကြောင်း ယနေ့မတ် ၂၂ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလောင်း အဖြစ် ကွတ်ခိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် နှင့် ပျော်ဘွယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး တို့အား အမည်စာရင်း တင်သွင်းခဲ့ပြီး စက်ခလုတ်နှိပ် မဲပေး ရွေးချယ်ခဲ့ရာ ကွတ်ခိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် က လွှတ်တော်၏ ဆန္ဒမဲ အရေအတွက် အများဆုံးဖြင့် ရွေးကောက် တင်မြှောက်ခံခဲ့ရခြင်း ဖြစ်သည်။(Xinhua)