Connect with us

Breaking News

Breaking News အင်ဒိုနီးရှား ခရီးသည်တင်လေယာဉ်တစ်စင်း ဂျကာတာပြင်ပ ပင်လယ်ပြင်တွင် ပျက်ကျ

ဂျကာတာ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အင်ဒိုနီးရှားနိုင်ငံ၏ Sriwijaya Air လေကြောင်းမှ ခရီးသည်များစွာတင်ဆောင်ထားသည့် ခရီးသည်တင်လေယာဉ်တစ်စင်းသည် ဇန်နဝါရီ ၉ ရက်က ဂျကာတာမြို့ ပြင်ပ ပင်လယ်ပြင်တွင် ပျက်ကျသွားခဲ့ကြောင်း သိရသည်။

လေယာဉ်ပျက်ကျသည့်နေရာတွင် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများနှင့် လေယာဉ်အပျက်အစီးများကို တွေ့ရှိခဲ့ကြောင်း Trisula ကမ်းခြေစောင့်သင်္ဘော အရာရှိ ကပ္ပတိန် EKo Surya Hadi က ဒေသတွင်းရုပ်သံသို့ ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၏ Sriwijaya Air လေကြောင်းမှ ခရီးသည်များစွာတင်ဆောင်ထားသည့် လေယာဉ်တစ်စင်းသည် ဇန်နဝါရီ ၉ ရက်တွင် ဂျကာတာမှ ပျံတက်ပြီးနောက် လေကြောင်းထိန်းချုပ်ရေးစခန်းနှင့် အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံး ပြောရေးဆိုခွင့်ရှိသူ Yusuf Latief က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ (Xinhua)
—————————————
(English Version)
Urgent: Indonesian passenger plane loses contact after take-off from Jakarta

2021-01-09 18:59:39

JAKARTA, Jan. 9 (Xinhua) — A passenger plane of Indonesia’s Sriwijaya Air carrying dozens of people lost contact with air traffic controllers after taking off from Jakarta on Saturday, spokesman of the Indonesian Search and Rescue Office Yusuf Latief told Xinhua. Enditem

Urgent: Indonesian passenger plane crashes in waters off Jakarta: local media
JAKARTA, Jan. 9 (Xinhua) — An Indonesian passenger plane carrying dozens of people crashed in waters off Jakarta on Saturday.
Human body parts and debris of the plane were found, Captain EKo Surya Hadi, commander of Trisula coast guard ship, told a local TV. Enditem