Connect with us

Media

ကဘူးလ်မြို့ရှိ လူနေရပ်ကွက်အတွင်း ဒုံးကျည်ထိမှန်ပြီး အာဖဂန်ပြည်သူ ၆ ဦး သေဆုံး

ကဘူးလ် ၊ ဩဂုတ် ၃၀ ရက်(ဆင်ဟွာ)

အမေရိကန်ဦးဆောင်သည့် ကယ်ဆယ်ပြောင်းရွှေ့ရေးလေယာဉ်များပြေးဆွဲလျှက်ရှိသော ကဘူးလ်လေဆိပ်၌ ဒုံးကျည်တစ်စင်း ပစ်ခတ်ခံရသော်လည်း ပစ်မှတ်လွဲချော်သွားပြီးနောက် ကလေးငယ် ၄ ဦး အပါအဝင် အာဖဂန်ပြည်သူ ၆ ဦး ထိမှန်သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက အတည်ပြုခဲ့သည်။

အဆိုပါ ဒုံးကျည်သည် ရဲတပ်ရင်းအမှတ် ၁၅ တည်ရှိရာ လူနေထူထပ်သော ရပ်ကွက်တစ်ခုဖြစ်သည့် Khwaja Bughra ရပ်ကွက်ရှိ လူနေအိမ်တစ်လုံးအား ထိမှန်ခဲပြီး အရွယ်ရောက်သူ နှစ်ဦး နှင့် ကလေးငယ် ၄ ဦး သေဆုံးခဲ့ကြောင်း ယင်းရပ်ကွက်၏ ရပ်မိရပ်ဖတစ်ဦး ဖြစ်သူ Hajji Karim က အခင်းဖြစ်နေရာ၌ သတင်းထောက်များအား ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်သည် Hamid Karzai အပြည်ပြည်ဆိုင်ရာလေဆိပ်၏ အနောက်ဘက်တွင်တည်ရှိသော ရပ်ကွက်၌ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုသည် အမေရိကန် မောင်းသူမဲ့ဒရုန်းတစ်စင်း မြို့ပေါ် ပျံဝဲနေပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ဆိုသည်။

လွန်ခဲ့သည့် ကြာသာပတေးနေ့ကလည်း ကဘူးလ်လေဆိပ်၏ အရှေ့ဘက်ဂိတ်၌ ကယ်ဆယ်ရေးလေယာဉ်စောင့်ဆိုင်းနေသူများအတွင်း အသေခံဗုံးပေါက်ကွဲမှုကြောင့် အာဖဂန်ပြည်သူ ၁၇၀ ဦး နှင့် အမေရိကန် တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့ပြီး လူ ၂၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။

သေဆုံးသူများထဲတွင် ကလေးငယ်များ၊ အမျိုးသမီးများနှင့် ISIS-K အဖွဲ့ဝင်များပါဝင်ကြောင်း နှင့် အိုင်အက်စ်အဖွဲ့(IS) က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့မျှ တာဝန်ရှိကြောင်း ထုတ်ဖော် ပြောကြားထားခြင်းမရှိပေ ။ တာလီဘန် အရာရှိများ နှင့် ပြည်သူ့ကျန်းမာရေး တာဝန်ရှိသူများက ယခုထိ ပေါက်ကွဲမှုအပေါ်တွင် မှတ်ချက်ပေးခြင်း မရှိကြောင်း သိရသည်။

စစ်လေယာဉ်များအပါအဝင် လေယာဉ်ဒါဇင်ပေါင်းများစွာသည် အခင်းဖြစ်နေ့တွင် လေဆိပ်မှ ပျံသန်းထွက်ခွာသွားကြောင်း သိရသည်။ အမေရိကန် နှင့် မဟာမိတ် တပ်ဖွဲ့များ အားလုံးသည် သတ်မှတ်ထားသည့် နောက်ဆုံးရက်ဖြစ်သော ဩဂုတ် ၃၁ ရက်တွင် အာဖဂန်နစ္စတန်နိုင်ငံမှ ထွက်ခွာရန် မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.